ထိုင်းသို့ နွားများ တရားမဝင်သယ်ဆောင်လာသော မြန်မာငါးဦး ဖမ်းဆီးခံရ
Dawei Watch
July 15, 2024ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် နွားအကောင် ၂၀ ကို တရားမဝင် သယ်ဆောင်လာသော မြန်မာနိုင်ငံသား ငါးဦး ယနေ့ ဇူလိုင် ၁၅ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကရင်ပြည်နယ်နှင့် ထိစပ်နေသော တာခ့်ခရိုင် ထာ့ဆောင်ယမ်ဒေသတွင် ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့်နေစဉ် စမ်းချောင်းထဲတွင် နွားများသယ်ဆောင်လာသော မသင်္ကာစရာ လူအုပ်စုကို တွေ့ရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးစဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း ဆိုသည်။ အာဏာပိုင်များ လာရောက်စစ်ဆေးချိန် လူအုပ်စုမှာ ထွက်ပြေးခဲ့ကြသဖြင့် နောက်က လိုက်လံဖမ်းဆီးရာမှ မြန်မာအမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများသည် အသက် ၂၀ မှ ၅၀ အရွယ်များ ဖြစ်ကြပြီး အားလုံးသည် နေထိုင်ခွင့် စာရွက်စာတမ်းများ မရှိကြောင်း […]


