လုပ်အားခ ဘတ် ၁၃ သိန်းကျော်မပေး၍ မြန်မာလုပ်သားများ အလုပ်ရှင်ကို အမှုဖွင့်
Dawei Watch
September 19, 2024ထိုင်းနိုင်ငံ၊ ပင်လယ်ကမ်းခြေရှိ သဲစုပ်လှေများပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ လုပ်အားခခြောက်လစာ(ဘတ် ၁၃ သိန်းကျော်) မပေးသဖြင့် အလုပ်ရှင်ကို အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၃ ဦးသည် တရုတ်အလုပ်ရှင် ပိုင်ဆိုင်သော ချွန်ဘူရီနှင့် နခွန်စီထမရတ်ခရိုင်များရှိ ကမ်းခြေများကို ပြုပြင်သော သဲစုပ်လှေများပေါ်တွင် ပြီးခဲ့သောနှစ်ကတည်းက လုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ယခုနှစ် မတ်လတွင် ထမင်းစရိတ်ကဲ့သို့ ကြိုတင်ငွေများသာ ထုတ်ပေးခဲ့ပြီး ဧပြီလမှစ၍ အလုပ်ရှင်က အကြောင်အမျိုးမျိုးပြကာ လုပ်အားခ လုံးဝထုတ်ပေးခဲ့ခြင်း မရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။ လုပ်အားခများကို ထုတ်ပေးရန် အလုပ်ရှင်ကို ကနဦး ညှိနှိုင်းပြောဆိုခဲ့သော်လည်း လက်ခံခြင်းမရှိသဖြင့် အလုပ်သမားများက AAC အဖွဲ့ထံ လာရောက်အကူအညီ တောင်းခံခဲ့ကြောင်း အဖွဲ့က […]


