ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းအာဏာပိုင်းများ လုပ်ငန်းခွင်ထဲဝင်စစ် မြန်မာ ၄၅ ဦး ဖမ်းဆီးခံရ

Dawei Watch

December 10, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်ရှိ လုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၄၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း လယွန်ခရိုင် အလုပ်သမားရုံးက ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၉ ရက်နေ့က လယွန်ခရိုင် နော့ခိုင်ဒေသ နော့လလွန့်ရွာထဲရှိ စက်ရုံ၊ အလုပ်ရုံများထဲ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများကို ထိုင်းဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက ကွင်းဆင်းစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ စက်ရုံများထဲတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိ သို့မဟုတ် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၁ ဦးကို တွေ့ရကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ နောက်ထပ် မြန်မာနိုင်ငံသား အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၂၄ […]

ဒီဇင်ဘာ ၁၂ ရက်တွင် ဘတ်အသစ် အမည်စာရင်း စလျှောက်နိုင်ဟု ထိုင်းအစိုးရထုတ်ပြန်

Dawei Watch

December 9, 2025

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင် မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာလ ၉ တွင် ထုတ်ပြန်ကြေညာသည်။ ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးမည့်အစီအစဉ်တွင် ပါဝင်လာခြင်းမရှိသည်ကို တွေ့ရသည်။ အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်း (Name List) တင်သွင်းခြင်းကို […]

ထိုင်းမြောက်ပိုင်းတွင် ပဲနို့ရောင်းသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

December 9, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်ဖွန်ခရိုင်တွင် ဈေးလှည်းဖြင့် ပဲနို့ရောင်းချနေသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၈ ရက် ညနေ ၆ နာရီခွဲခန့်က လန်ဖွန်မြို့ ပါစပ်ဒေသတွင် ထိုင်းအာဏာပိုင်များ ကင်းလှည့်နေစဉ် လမ်းဘေးဈေးရောင်းနေသော မြန်မာအမျိုးသမီး ဖမ်းဆီးခံရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးသည် ပဲနို့အပါအဝင် နို့များကို ဈေးလှည်းလေးဖြင့် ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးသည် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူဖြစ်သော်လည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသော မြန်မာအမျိုးသမီးကို ဥပဒေအရ အရေးယူရန် မောင်ကျီးရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ ဈေးရောင်း၊ ခရီးသည်ကြိုပို့ စသော တားမြစ်ထားစသောလုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိပေ။ အကယ်၍ ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် […]

ဘန်ကောက်တွင် မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီ ဘတ်ခြောက်သန်းကံထူး

Dawei Watch

December 5, 2025

aထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခယ်နယ်မြေက မြန်မာအလုပ်သမား ဇနီးမောင်နှံသည် ဒီဇင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ခြောက်သန်း ထီပေါက်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားသည် ထိုင်းထီ ပထမဆု ၄၆၁၂၅၂ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် ဘတ် ခြောက်သန်း ထီပေါက်ခဲ့ခြင်း ဖြစ်သည်။ ထီပေါက်သော မြန်မာဇနီးမောင်နှံသည် ဆုငွေများကို ထုတ်ယူပေးရန် အကူအညီတောင်းခဲ့သဖြင့် ဒီဇင်ဘာလ ၄ ရက်တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။ “ဒီတစ်ခေါက်တော့ မြန်မာတွေ တော်တော်ကံထူးပါတယ်။ နှစ်စောင်တွဲတစ်ကြိမ် တစ်စောင်တစ်ကြိမ်ပေါက်တာ။ အကိုတို့က တစ်စောင်ကို ထုတ်ပေးခဲ့တာပါ” ဟု ၎င်းက ဆိုသည်။ […]

ဘန်ကောက်က မြန်မာအလုပ်သမားတစ်ဦး ထိုင်းထီ ဘတ် ၁၂ သန်း ကံထူး

Dawei Watch

December 4, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာ စက်ရုံအလုပ်သမားတစ်ဦးသည် ဒီဇင်ဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်း ထီ ကံထူးသွားခဲ့ကြောင်း Labour Rights Foundation အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားက ထိုင်းထီ ပထမဆု ၄၆၁၂၅၂ တွင် ခြောက်လုံးတိုက် ပထမဆုကို နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ရသွားခြင်းဖြစ်သည်။ ထီပေါက်သော မြန်မာအလုပ်သမားက ဆုငွေများကို ထုတ်ယူပေးရန် အကူအညီတောင်းခဲ့သဖြင့် ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဆုငွေထုတ်ယူပေးခဲ့ပြီးဖြစ်ကြောင်း Labour Rights Foundation အဖွဲ့က ဦးဘရီက ပြောသည်။ “ဒီအတိုင်း နောက်ပိတ်ဂဏန်း ၂၅၂ ကို ရှာထိုးရင်းနဲ့ ပေါက်သွားတယ်လို့ […]

ထိုင်းတွင် ကားဘီးပေါက်ကာ မြောင်းထဲထိုးကျပြီး မြန်မာကိုးဦးသေဆုံး

Dawei Watch

December 3, 2025

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ကားတစ်စီး ဘီးပေါက်ပြီး လမ်းဘေးမြောင်းထဲသို့ ထိုးဆင်းခဲ့သဖြင့် မြန်မာနိုင်ငံသားကိုးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဒီဇင်ဘာလ ၃ ရက်‌ နံနက် ၇ နာရီခန့်တွင် ရတ်ချ်ဘူရီခရိုင် ပါထောဒေသရှိ လမ်းဘေးမြောင်းထဲသို့ ကားတစ်စီး ရုတ်တရက် ထိုးဆင်းသွားသဖြင့် အနီးရှိ ပြည်သူများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအခါ ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ကိုးဦး သေဆုံးနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ သေဆုံးသူများ၏ ညာဘက်လက်ကောက်ဝတ်များတွင် အပြာရောင် ပလပ်စတစ်ကြိုး အမှတ်အသားများ ဝတ်ဆင်ထားပြီး ယင်းအမှတ်အသားများသည့် ၎င်းတို့သွားမည့် […]

ထိုင်းက မြန်မာ ၁၀၀ ကျော်ကို စစ်ကော်မရှင်ထံလွှဲအပ်၊ ယခုနှစ်အတွင်းပြန်ပို့ခံရသူ နှစ်ထောင်ကျော်ရှိ

Dawei Watch

December 3, 2025

မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းခံနေရချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူ တစ်ဦးထံမှသိရသည်။ ပြီးခဲ့သော နိုဝင်ဘာလက မြန်မာနိုင်ငံသား ၁၃၇ ဦးကို နှစ်ကြိမ်ခွဲပို့ပြီးနောက် ယခု ဒီဇင်ဘာလတွင် ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၁၀၄ ဦးကို ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ […]

ထိုင်းတွင် ဒူးရင်းခြံအတွင်း မီးတိုင်ထူရင်း မြန်မာလုပ်သားတစ်ဦး ဓါတ်လိုက်သေဆုံး

Dawei Watch

December 3, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင် ဒူးရင်းခြံထဲတွင် လျှပ်စစ်မီးတိုင်ထူနေစဉ် မြန်မာအလုပ်သမား ၁ ဦး ဓါတ်လိုက်သေဆုံးခဲ့ပြီး ထိုင်းအလုပ်သမား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက တရတ်မြို့ ဝမ်ကရာ့ကျဲဒေသရှိ ဒူးရင်းခြံထဲတွင် မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမားများ မီးတိုင်ထူနေစဉ် အလုပ်သမား နှစ်ဦး ဓါတ်လိုက်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများက လျှပ်စစ်မီးတိုင်ကို အတူတူ မထူနေကြစဉ် မီးတိုင်ထိပ်ရှိ သံချောင်းက လျှပ်စစ်ဗို့အား ၂၂၀၀၀ ရှိသော မီးကြိုးကို သွားထိခဲ့သဖြင့် ဓါတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာအလုပ်သမား ၁ ဦးနှင့် ထိုင်းအလုပ်သမား ၁ ဦး ဓါတ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအချိန် အသက် […]