မဲဆောက်တွင် ရဲတပ်ကြပ်ကြီးကို သေနတ်ပစ်ခတ်ထွက်ပြေးသွားသော မြန်မာနိုင်ငံသားအား အင်အားသုံးရှာဖွေနေ
Dawei Watch
January 21, 2026ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုရပ်ကွက်တွင် ရဲတပ်ကြပ်ကြီးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက နယ်စပ်တစ်လျှောက် လက်နက်အပြည့်အစုံဖြင့် အင်အားသုံး ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မယ်ကုရပ်ကွက် မဲဆောက်-အူဖန်းလမ်းပေါ် စတိုးဆိုင်အနီးတွင် လက်နက်မှောင်ခို ရောင်းဝယ်ရန် ဆိုင်ကယ်ဖြင့်လာသော မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းစဉ် ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် မဲဆောက်ရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ဦး ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သဖြင့် အရေးပေါ်ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံသားနှစ်ဦးထံမှ သေနတ်ဝယ်ယူပြီး အသွင်ယူ ဖမ်းဆီးရန်ကြိုးပမ်းစဉ် သေနတ်ကိုင်ဆောင် လာသော မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုဖြစ်သော နေရာတွင် အသက် ၂၀ နှစ်အရွယ် ကိုမင်းဇော်သူကို ဆိုင်ကယ်နှင့်အတူ […]


