ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

မိုးဆက်တိုက်ရွာနေသည့် ကော့စမွေကျွန်းတွင် မြေပြိုပြီး မြန်မာနှစ်ဦးပျောက်ဆုံး

Dawei Watch

December 15, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် မိုးဆက်တိုက်ရွာသွန်းပြီး မြေပြိုမှုဖြစ်ခဲ့ရာ မြန်မာအလုပ်သမားနှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။ ကျွန်းပေါ်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းက စတင်ကာ မိုးဆက်တိုက် ရွာသွန်းနေပြီး ကျွန်းပေါ်နေရာအနှံ့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် လမိုင်းဒေသ ဟီမထွန်းလမ်းရှိ အလုပ်သမားအဆောင်ဘက်တွင် မြေပြိုမှုဖြစ်ခဲ့ပြီး မြေပြိုမှုကြောင့် အသက် ၂၇ နှစ်နှင့် ၃၇ အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး ကျွန်းပေါ်တွင် ရေကြီးနှင့် မြေပြိုမှုအန္တရာယ်များကို ဂရုစိုက်ကြရန် ညွှန်ကြားထားသည်။ Ref: Khaosod English, Thai PBS, Daily News

စစ်ကောင်စီဖမ်းထားသည့် ရေလုပ်သားများ ပြန်လွတ်ရေး တာဝန်ယူလုပ်ပေးရန် ထိုင်းအစိုးရကိုတောင်းဆို

Dawei Watch

December 14, 2024

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရေလုပ်သားသုံးဆယ်ကျော် ဘေးကင်းစွာပြန်လွတ်လာရန် ထိုင်းအစိုးရနှင့်အလုပ်ရှင်က အပြည့်အဝတာဝန်ယူပေးရန် တံငါသည်များ အခွင့်အရေးကွန်ရက်က တောင်းဆိုလိုက်သည်။ စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားသည့် မြန်မာရေလုပ်သား ၂၇ ဦးနှင့် ထိုင်းရေလုပ်သား ၄ ဦး ဘေးကင်းစွာဖြင့် မိသားစုထံပြန်လာနိုင်ရေးအတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့က တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ရနောင်းမြို့အခြေစိုက် တံငါသည်များ အခွင့်အရေးကွန်ရက်က ထိုင်းရောက်မြန်မာရွှေ့ပြောင်း ငါးဖမ်းလုပ်သားများကိုယ်စား ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ပင်လယ်ငါးဖမ်းလုပ်ငန်း အလုပ်သမားညှိနှိုင်းရေးစင်တာသို့ သွားရောက် တောင်းဆိုခဲ့သည်။ ထိုသို့ သွားရောက်တောင်းဆိုချိန်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်အချို့နှင့် အခြားတာဝန်ရှိသူများ လာရောက်ခဲ့သည်။ ယင်းသို့တောင်းဆိုချိန်တွင် ထိုင်းတာဝန်ရှိသူဘက်က ပြန်လည်လွတ်မြောက်ရေး အာမခံချက်မပေးခဲ့သော်လည်း ရေလုပ်သားများ ဖမ်းဆီးခံထားရချိန်ကာလအတွင်း လစာခံစားခွင့်နှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း တံငါသည်များ အခွင့်အရေးကွန်ရက်(FRN) ဥက္ကဋ္ဌ ဦးရဲသွေးက ဆိုသည်။ “ထိုင်းတာဝန်ရှိသူကတော့ […]

ထိုင်း-မြန်မာနယ်စပ်က ကြက်ခြေနီရန်ပုံငွေပွဲ ဗုံးပေါက်ပြီး သေဆုံး၊ဒဏ်ရာရမှုများနေ

Dawei Watch

December 14, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် အူဖန်းဒေသတွင် ယမန်နေ့ညက ပြုလုပ်သော ကြက်ခြေနီရန်ပုံငွေပွဲ၌ ဗုံးပေါက်မှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုများနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မနေ့ (ဒီဇင်ဘာ ၁၃) ည ၁၁ နာရီခွဲအချိန်ခန့်က စတိတ်စင်ရှေ့ရှိ ကနေသော လူအုပ်အနီးတွင် ဗုံးပေါက်ခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိထားကာ ၅ ဦးမှာ စိုးရိမ်ရသော အခြေအနေတွေ ရှိနေကြောင်း သတင်းများအရသိရသည်။ လက်လုပ်ဗုံးဟု ယူဆရသော ဗုံးကို လူအုပ်ကြားထဲ ပစ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ကနဦး အတည်ပြုထားသည်။ လက်ရှိတွင် သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ လူငယ်အချင်းချင်း ရန်ပွဲဖြစ်ရာမှ ဗုံးဖောက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။ Ref: Thai Enquirer, […]

ဘန်ကောက်တွင် တောင်းရမ်းသူများကို ဖမ်းဆီးရာ မြန်မာအပါအဝင် ၁၂ ဦးဖမ်းခံရ

Dawei Watch

December 13, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လမ်းမများပေါ်တွင် ငွေတောင်းရမ်းနေသော မြန်မာအပါအဝင် ၁၂ ဦးကို ယမန်နေ့ (ဒီဇင်ဘာလ ၁၂) ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်၏ နာမည်ကြီးဒေသများဖြစ်သော အစုတ်လမ်းဆုံမှတစ်ဆင့် နာနားနယ်မြေအထိ စူကူဗစ်လမ်းမကြီးအတိုင်း နယ်မြေရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် တောင်းရမ်းနေသူများ ပိုများလာနေသဖြင့် ခရီးသွားပုံရိပ်ကို ထိခိုက်နေကြောင်း သတင်းပေးတိုင်ကြားမှုများလာ၍ ကွင်းဆင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ စစ်ဆေးစဉ် လမ်းတစ်လျှောက် ငွေတောင်းခံနေသော ထိုင်းနိုင်ငံသား ၈ ဦး၊ ကမ္ဘောဒီးယား ၂ ဦး၊ လာအို ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနက် ထိုင်းအမျိုးသမီးတစ်ဦးထံတွင် ငွေသား ဘတ် ၃ သိန်းကျော်ကို တွေ့ရှိခဲ့ပြီး […]

ထိုင်းတွင် ဘတ်အသစ် စာရင်းတင်ခွင့် ဒီဇင်ဘာ ၁၆ မှ ၃၀ ရက်အထိသာ ခွင့်ပြုမည်

Dawei Watch

December 13, 2024

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအပါအဝင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ ဘတ်အသစ်အတွက် အမည်စာရင်း တင်ခွင့်ပြုလိုက်ပြီဖြစ်သည်။ ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနက ပေးပို့လာသည့် သတင်းအချက်အလက်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဒီဇင်ဘာလ ၁၃ ရက်က ထပ်ဆင့်အသိပေးထုတ်ပြန်ရာတွင် ယင်းသို့ဖော်ပြ ထားခြင်းဖြစ်သည်။ ထိုင်းတွင် ယာယီနေထိုင်အလုပ်လုပ်ခွင့်ပြုသည့် ယင်းကတ်ကို ဘတ်ဟုခေါ်ကြသလို ပန်းရောက်ကတ်ဟုလည်း ခေါ်ကြသည်။ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ၊ ဘတ် သက်တမ်းကုန်ဆုံးသူများ၊ တရားဝင် ဝင်ရောက်ခဲ့ပြီးနောက် အလုပ်တရားမဝင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများမှာ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် ရရှိရန် ထိုင်းအစိုးရက အမည်စာရင်းတင်ခွင့်ပြုခြင်း ဖြစ်သည်။ ပထမအဆင့်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ […]

ရပ်တည်ဖို့ ခက်လာသည့် ပရဟိတလူနာတင်ယာဉ်များ

Dawei Watch

December 13, 2024

Dawei Watch | PSA ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ ကျေးလက်နေပြည်သူတွေက မြို့ပေါ်တက်အရေးပေါ်ဆေးကုဖို့အတွက် လူနာတင်ယာဉ်တွေကိုပဲ အားကိုးနေရတာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူနာတင်ယာဉ်ပရဟိတအဖွဲ့တွေ ရပ်နားလာလို့ ကျေးလက်နေသူတွေ အခက်ကြုံနေရပါပြီ။

မလေးရှားသွားမည့် ရိုဟင်ဂျာ ၈၀ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

Dawei Watch

December 12, 2024

မလေးရှားနိုင်ငံသို့ သွားရန် စီစဉ်ထားသော ရိုဟင်ဂျာ ၈၄ ဦးသည် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက် တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နံနက် ၁နာရီခန့်က ကန်ချနပူရီခရိုင် ထို့ဖားဖမ်းဒေသတွင် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်နေကြောင်း သတင်းပေး တိုင်ကြားချက်ရရှိသဖြင့် နယ်မြေခံလူကြီးများနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ စစ်ဆေးစဉ် လမ်းဘေးတွင် မသင်္ကာဖွယ်ရာ ကားတစ်စီးကို တွေ့ရှိခဲ့ပြီး ကားအနောက်တွင် ကျောပိုးအိတ်နှင့် အသုံးအဆောင် ပစ္စည်းများကို တွေ့ရှိသဖြင့် အနီးအနားကို ထပ်မံရှာဖွေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းနောက် တောထဲရှိ ထင်းပုံများတွင် ပုန်းနေသော ရိုဟင်ဂျာ ၈၄ ဦးကို တွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသူများသည် ရခိုင်ပြည်နယ်မှ […]