BREAKING
October 28, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို စစ်ကောင်စီက ထပ်မံတင်းကြပ်

Dawei Watch

September 12, 2024

ထိုင်းနိုင်ငံတွင် ကာလတို ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာသင်တန်းများ တက်နေသည့် မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးမပေးတော့ကြောင်း ဘန်ကောက်ရှိမြန်မာသံရုံးက ယနေ့ (စက်တင်ဘာ ၁၂) ထုတ်ပြန်ကြေညာသည်။ ယခင်က ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားလျက်ရှိသော မြန်မာကျောင်းသားများသည် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးပါက Passport for Education (PE) နိုင်ငံကူးလက်မှတ်ကို ဘန်ကောက်မြန်မာသံရုံးနှင့် ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် နေ့ချင်းပြီးလဲလှယ်ပေးနေခြင်းဖြစ်သည်။ လက်ရှိတွင် ကာလတို အင်္ဂလိပ်စာနှင့် ထိုင်းဘာသာသင်တန်းများ အပ်နှံပြီး Non-ED Visa ရယူကာ သင်တန်းတက်ရောက်နေသော ကျောင်းသားအရေအတွက် ပိုမိုများပြားလာနေသဖြင့် မပေးတော့ခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ကာလတိုသင်တန်း တက်ရောက်သင်ကြားနေသော မြန်မာကျောင်းသားများအား PE Type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဘန်ကောက်မြန်မာသံရုံးနှင့် […]

ထိုင်းတွင် မြန်မာကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်သည်ဆိုကာ မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

September 12, 2024

ထိုင်းနိုင်ငံတောင်ပိုင်း၊ စွန်ခရာခရိုင်တွင် အသက် ၁၃နှစ်အောက် မြန်မာကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာလ ၁၁ ရက်နေ့က ဝရမ်းထုတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၅ နှစ်အရွယ် ကိုချမ်းအေးဆိုသူဖြစ်သည်။ အသက်မပြည့်သေးသော သမီးဖြစ်သူနှစ်ဦးကို မြန်မာနိုင်ငံသားတစ်ဦးက အခန်းထဲ လိမ်လည်ခေါ်ဆောင်ခဲ့ပြီး အဓမ္မ ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည်ကို သမီးများက မိဘများထံ ပြန်တိုင်ကြားခဲ့သဖြင့် ပြန်သိရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့များသို့ မိဘများက ဖြေကြားထားသည်။ ကိုချမ်းအေးကို မိဘများက ကနဦး သွားရောက်ပြောကြားခဲ့ရာ ဝန်မခံခဲ့သဖြင့် ရဲစခန်းသို့သွား၍ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၁၀ ရက်နေ့တွင် စွန်ခရာခရိုင် တရားရုံးက ဝရမ်းထုတ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသားကို နောက်တစ်ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အသက် […]

မေတ္တာရိပ်ကျောင်းက ထိုင်းအစိုးရကျောင်းများနှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ဟု စူရတ်ပညာရေးမှူးဆို

Dawei Watch

September 11, 2024

မေတ္တာရိပ် မြန်မာစာသင်ကျောင်းက ထိုင်းအစိုးရစာသင်ကျောင်းများနှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့ကြောင်း စူရတ်ဌာနီခရိုင် ပညာရေးမှူးက စက်တင်ဘာလ ၉ ရက်နေ့က တုံ့ပြန်ပြောဆိုလိုက်သည်။ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် မေတ္တာရိပ်ကျောင်းအပါအဝင် စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်းများကို အာဏာပိုင်များက ပိတ်သိမ်းလိုက်ရာ ကျောင်းသားပေါင်း ၂၀၀၀ ကျော် ပညာသင်ယူခွင့်ဆုံးရှုံးနေကြရသဖြင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မေတ္တာရိပ်ကျောင်းကို ပိတ်သိမ်းခဲ့မှုအတွက် စိုးရိမ်ကြောင်း ပြောကြားလာသဖြင့် ပညာရေးမှူးက ယင်းသို့ပြန်လည်ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မေတ္တာရိပ်ကျောင်းရှိ ကျောင်းသားများကို ထိုင်းအစိုးရ စာသင်ကျောင်းများထံ လွှဲပြောင်းပေးရန် ပညာရေးမှူးရုံးနှင့် အာဏာပိုင်များက အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း ကျောင်းဘက်က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ပညာရေးမှူးက သတင်းထောက်များကို ပြောကြားခဲ့သည်။ မေတ္တာရိပ်ကျောင်းကို တရားဝင် အရေးမယူခင်ကာလပတ်လုံး ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာအဖွဲ့များအားလုံး ကျောင်းကိစ္စရပ်များနှင့် ပတ်သက်၍ အကြိမ်ကြိမ် […]

မြန်မာစာသင်ကျောင်းများ ပိတ်သိမ်းခံရမှုကို လွှတ်တော်တွင်ဆွေးနွေးရန် ထိုင်းလွှတ်တော်အမတ်တိုက်တွန်း

Dawei Watch

September 10, 2024

ထိုင်းနိုင်ငံတစ်ဝန်းရှိ မြန်မာစာသင်ကျောင်းများ ပိတ်သိမ်းခံနေရသဖြင့် မြန်မာကလေးငယ်များ၏ ပညာသင်ယူခွင့်ကို အကာအကွယ်ပေးရေး လွှတ်တော်အတွင်းဆွေးနွေးရန် The Fair Party ၏ လွှတ်တော်အမတ် Kannavee Suebsang က စက်တင်ဘာလ ၉ ရက်နေ့တွင် ၎င်း၏အင်တာနက်လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းလိုက်သည်။ Kannavee Suebsang သည် နယ်စပ်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် မြန်မာနိုင်ငံအရေးလှုပ်ရှားမှုများတွင် ပါဝင်ဆွေးနွေးကာ တိုက်တွန်းနေသည့် လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။ ထိုင်းပညာရေးအက်ဥပဒေအောက်တွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းကို စက်တင်ဘာလ ၄ ရက်နေ့တွင် ထိုင်းအစိုးရပိတ်သိမ်းခဲ့သည်။ အဆိုပါမေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် မြန်မာကလေးငယ် တစ်ထောင်ကျော် ပညာသင်ယူလျက်ရှိသည်။ ထို့အပြင် စူရတ်ဌာနီခရိုင်ရှိ အခြားမြန်မာစာသင်ကျောင်း ငါးကျောင်းကိုလည်း ပိတ်သိမ်းရန် ညွှန်ကြားထားသဖြင့် ကလေးငယ် ထောင်ပေါင်းများစွာ ပညာသင်ယူခွင့် ဆုံးရှုံးနေသည်။ စူရတ်ဌာနီခရိုင် […]

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ၊ ၄ ရက်ကြာမှ အလောင်းတွေ့

Dawei Watch

September 9, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘောဒေသတွင် လွန်ခဲ့သော ၄ ရက်ခန့်က အသတ်ခံထားရသည့် မြန်မာအမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စက်တင်ဘာလ ၇ ရက်နေ့ ညက ဘန်ဘောဒေသ အေကချိုင်လမ်းရှိ ၈ ထပ်တိုက်အဆောက်အအုံ၏ အခန်းထဲတွင် သွေးအိုင်ထဲ၌ သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၃၉ နှစ်အရွယ် မစိုးသန္တာငယ်အမည်ရှိ မြန်မာအမျိုးသမီးဖြစ်ပြီး အလောင်းဘေးတွင် သွေးပေနေသော တူတစ်လက်ကိုလည်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လွန်ခဲ့သော ၃ – ၄ ရက်ခန့်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အခန်းထဲက အနံ့ထွက်လာသဖြင့် ဘေးအခန်းတွင် နေထိုင်သူများက တိုက်ပိုင်ရှင်နှင့် စစ်ဆေးရာ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ယင်းအခန်းထဲတွင် သေဆုံးသူအမျိုးသမီးနှင့် […]

ထိုင်းတွင် ဖမ်းဆီးခံရသောမြန်မာတစ်ဦး စစ်မှုထမ်းရန် ပြန်ပို့ခံရမည်စိုးရိမ်သဖြင့် အချုပ်ကားပေါ်က ထွက်ပြေး

Dawei Watch

September 9, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း လန်ဖွန်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားတစ်ဦးသည် စစ်မှုထမ်းရန် ပြန်ပို့ခံရမည်ကို စိုးရိမ်သဖြင့် စက်တင်ဘာလ ၇ ရက်နေ့က အချုပ်ကားပေါ်က ထွက်ပြေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၃၈ နှစ်အရွယ် ကိုဌေးပိုသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် လဖွန်ခရိုင်ရှိ နိခုံးရဲစခန်း (မြောက်ပိုင်းစက်မှုဇုန်ရဲစခန်း) အချုပ်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်ကြောင်း ဖော်ပြသည်။ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ၎င်းသည် အချုပ်ထဲရှိနေစဉ် အဝတ်အစားများ လျှော်ဖွတ်လိုသဖြင့် ဆပ်ပြာရည် တောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ မြန်မာနိုင်ငံသားသည် ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်တို့ကို ပါးစပ်ထဲ လောင်းထည့်ခဲ့သဖြင့် ပါးစပ်ထဲက အမြုပ်များ ထွက်လာရာ ဟရီဖူချိုင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။ ဆေးရုံတွင် တစ်နာရီခန့်အကြာ […]

ရနောင်းတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၃ဦး ဖမ်းဆီးခံရ

Dawei Watch

September 8, 2024

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၃ ဦးကို စက်တင်ဘာလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတပ်မတော် အမှတ် ၂၅ ခြေမြန်တပ်ရင်းက သတင်းထုတ်ပြန်သည်။ ရနောင်းခရိုင် စုမ်စာရမ်ဒေသတွင် မြန်မာနိုင်ငံသားများ ကားဖြင့် တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းပေးတိုင်ကြားချက်ရရှိခဲ့သဖြင့် အာဏာပိုင်များ ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆေးရာ ကားတစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် နောက်ကားတစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ခြောက် ဦး စုစုပေါင်း ၁၃ ဦးလိုက်ပါလာကြကြောင်း ဆိုသည်။ ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ ဖမ်းဆီးခံရသူအများစုသည် လူငယ်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံသားများမှာ ကော့သောင်းမှတစ်ဆင့် ရနှောင်းသို့ တရားမဝင် ဝင်လာကြသူများဖြစ်ပြီး ၎င်းတို့အား လိုက်ပါပို့ဆောင်ပေးသည့် ထိုင်းကားသမားနှစ်ဦးကိုလည်း ဖမ်းမိကြောင်း ဖော်ပြသည်။ […]

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ လစာထုတ်ချိန် ကျပ်ငွေလဲနှုန်း အနည်းငယ်ပြန်တက်

Dawei Watch

September 7, 2024

တောက်လျောက်ထိုးကျခဲ့သည့် ကျပ်ငွေလဲလှယ်နှုန်းထားမှာ ယနေ့တွင် အနည်းငယ်ပြန်တက်လာကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။ ယနေ့ညနေ ပေါက်ဈေးအရ မြန်မာငွေတစ်သိန်းလျှင် ၆၆၀ ဘတ်အထိ ပြန်တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၁၅၁ ကျပ် ပေါက်ဈေးရှိခဲ့သည်။ ပြီးခဲ့သည့်နေ့ကမူ မြန်မာငွေတစ်သိန်းလျှင် ၆၄၅ ဘတ်ပေါက်ဈေးရှိပြီး ထိုင်းငွေတစ်ဘတ်လျှင် ၁၅၅ ကျပ်စွန်းစွန်း ဈေးဖွင့်ထားခဲ့သည်။ ငွေလဲလုပ်ငန်းရှင်အချို့၏ အဆိုအရ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ လစာထုတ်သည့်ကာလဖြစ်သည့်အတွက် ထိုင်းဘတ်တန်ဖိုး အနည်းငယ်ကျကာ ကျပ်ငွေဈေးနှုန်း အနည်းငယ်ပြန်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ “လစာထုတ်ကာလမို့ ခဏလေး ပြန်တက်လာတာ။ နောက်ထပ် နှစ်ရက် သုံးရက်ဆိုရင် ပြန်ကျမှာပဲ”ဟု ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ထိုသို့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ လစာထုတ်ကာလဖြစ်သည့် လကုန်ပြီး တစ်ပတ်တာကာလအတွင်း ထိုင်းဘတ်ဈေးနှုန်း ကျဆင်းလေ့ရှိကြောင်း ရွှေ့ပြောင်းလုပ်သားအချို့က ဆိုသည်။ သို့သော် စျေးကွက်အတွင်း […]