BREAKING
May 26, 2025

ရွှေ့ပြောင်းလုပ်သား

အထောက်အထားမဲ့လုပ်သားများကို အထောက်အထားလုပ်ပေးရန် မေဒေးတွင် ထိုင်းရောက်မြန်မာလုပ်သားများတောင်းဆို

Dawei Watch

May 1, 2024

အထောက်အထားမဲ့ အလုပ်သမားများအတွက် နေထိုင်ခွင့် အထောက်အထားအသစ်ပြုလုပ်ပေးရေးနှင့် အခြားအခွင့်အရေးများ ရရှိရေးအတွက် ယနေ့ မေလ ၁ ရက် မေဒေးနေ့တွင် မြန်မာ အပါအဝင် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများက ဘန်ကောက်မြို့လယ်တွင် ချီတက်တောင်းဆိုကြသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) ချီတက်တောင်းဆိုပွဲကို ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားအရေး လှုပ်ရှားသူများ စုစုပေါင်း လူထောင်ချီ လာရောက်ပူးပေါင်းခဲ့ကြောင်း ချီတက်တောင်းဆိုရာတွင်ပါဝင်သူများထံမှ သိရသည်။ ဘန်ကောက်မြို့လယ် အနုစာဝရီကျောက်တိုင်မှတစ်ဆင့် အစိုးရရုံးများသို့ ချီတက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက်မှတ် အသစ်ထုတ်ပေးရေးအပါအဝင် နယ်စပ်တွင် တိမ်းရှောင်လာသော မြန်မာဒုက္ခသည် များကို ကူညီစောင့်ရှောက်ပေးရေးနှင့် သက်တမ်းကုန် MoU အလုပ်သမားများကို မြန်မာနိုင်ငံသို့ မပြန်ခိုင်းဘဲ ထိုင်းနိုင်ငံ တွင်ပင် သက်တမ်း ပြန်တိုးခွင့်ပြုရေး တောင်းဆိုခဲ့ကြောင်း Labour Rights Foundation […]

ထိုင်းတောင်ပိုင်းပင်လယ်ပြင်တွင် ငါးဖမ်းလှေမီးလောင်ပြီး မြန်မာအပါအဝင် ငါးဦးဒဏ်ရာရ

Dawei Watch

April 29, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်အနီးရှိ ပင်လယ်ပြင်တွင် မြန်မာငါးဖမ်းသမားအများစု လိုက်ပါလာသော ငါးဖမ်းလှေတစ်စီး ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက မီးလောင်ကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ မီးလောင်မှုကြောင့် မြန်မာငါးဖမ်းသမားများ အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့ပြီး စက်ခန်းအတွင်းရှိ ထိုင်းနိုင်ငံသား တစ်ဦးမှာ မီးလောင်ဒဏ်ရာ အပြင်းအထန်ရကြောင်း ဖော်ပြသည်။ ငါးဖမ်းလှေပေါ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာငါးဖမ်းသမား ခုနစ်ဦး လိုက်ပါလာပြီး နံနက် ၃ နာရီခွဲခန့်တွင် လောင်စာဆီဖြည့်စဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ငါးဖမ်းလှေသည် ဖန်ငခရိုင် စူရင်းကျွန်း အနောက်တောင်ဘက် ရေမိုင် ၁၅ မိုင်အကွာတွင် မီးလောင်ကျွမ်းခဲ့ပြီး နစ်မြုပ်သွားခဲ့သည်။ မီးလောင်နေသော လှေကို အခြားငါးဖမ်းလှေတစ်စီးက မြင်ပြီးနောက် လှေပေါ်ပါ ငါးဖမ်းသမား အားလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း […]

ထိုင်းတွင် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေ၊ ပတူနမ်ဈေးမှ မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

Dawei Watch

April 26, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ ပတူနမ်ဈေးတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၂ ဦးကို တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယခုရက်ပိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြန်မာလုပ်သားအများအပြားလည်း ဖမ်းဆီးခံနေရသည်။ ရတ်ချ်ထေဝီနယ်မြေရှိ နာမည်ကြီး ပတူနမ်ဈေးတွင် နိုင်ငံခြားသား အလုပ်သမားများ တရားမဝင် အလုပ်လုပ်ကိုင်နေကြကြောင်း သတင်းရရှိသဖြင့် လဝကရဲများက သွားရောက်စစ်ဆေးခဲ့သည်။ ဈေးထဲတွင် အိတ်ဆိုင်၊ ဖိနပ်ဆိုင်နှင့် အင်္ကျီဆိုင်များရှေ့တွင် နိုင်ငံခြားသားအလုပ်သမားများ ဈေးရောင်းနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ရဲတပ်ဖွဲ့များက အလုပ်လုပ်ခွင့်လက်မှတ်များ စစ်ဆေးခဲ့သည်။ ၎င်းတို့အနက် မြန်မာအလုပ်သမား ၁၂ ဦးနှင့် လာအိုအလုပ်သမား ၁ ဦး တရားမဝင် လုပ်ကိုင်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ၎င်းတို့ကို […]

MoU သက်တမ်းကုန် မြန်မာလုပ်သားများကို ထိုင်းအစိုးရက မြန်မာသို့ပြန်ပြီး သက်တမ်းတိုးခိုင်း

Dawei Watch

April 25, 2024

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်နေပြီး သက်တမ်း လေးနှစ်ပြည့်သွားပြီဖြစ်သည့် မြန်မာအလုပ်သမား များ ယခုဧပြီလကုန် နောက်ဆုံးထားပြီး မိမိနိုင်ငံသို့ပြန်၍ သက်တမ်းတိုးရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သော ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းခိုင်းနေသဖြင့် လူငယ်များ နိုင်ငံထဲက ထွက်ခွာတိမ်းရှောင်နေကြချိန် MoU အလုပ်သမားများကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်ခိုင်းနေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်လုပ်ကိုင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်မည့် MoU အလုပ်သမားများကို ထိုင်းအစိုးရက ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ယာယီသက်တမ်းတိုး လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ယခုလကုန်တွင် ယာယီအလုပ်လုပ်ခွင့်ပြုထားသော သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နေရပ်ပြန်သက်တမ်းတိုးကြရန် ထိုင်းအစိုးရက ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ […]

ချင်းမိုင်အပန်းဖြေဟိုတယ်တွင် အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေသော မြန်မာလုပ်သားသုံးဦး ဖမ်းဆီးခံရ

Dawei Watch

April 25, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အပန်းဖြေဟိုတယ် (Resort) တစ်ခုတွင် အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမားသုံးဦးကို ဧပြီလ ၂၄ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားသည်။ ဟိုတယ်ထဲသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်ကိုင်နေကြသဖြင့် ထိုင်းလဝကရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းအပန်းဖြေဟိုတယ်တွင် လုပ်ခလစာ တစ်သောင်းကျော်ဖြင့် လွန်ခဲ့သော သုံးလခန့်က စတင်လုပ်ကိုင်နေကြကြောင်း မြန်မာအလုပ်သမားများက ဝန်ခံထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေမှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်လည်အပို့ခံရမည်ဖြစ်ကာ ထိုင်းတွင် အလုပ်လုပ်ခွင့် ၂ နှစ်လည်း ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း […]

ဘန်ကောက်တွင် ဓာတ်လိုက်သေဆုံးသော မြန်မာလုပ်သားအမှု နစ်နာကြေး ဘတ်သုံးသိန်းဖြင့် ပြေလည်မှုရ

Dawei Watch

April 24, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေစဉ် ဓာတ်လိုက်သေဆုံးသွားသော မြန်မာအလုပ်သမားအတွက် နစ်နာကြေး ဘတ်သုံးသိန်းဖြင့် အလုပ်ရှင်နှင့် မိသားစုဝင်များကြား တရားရုံးတွင် ပြေလည်မှု ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အသင်းထံမှ သိရသည်။ ကိုအောင်လွင်ဦးအမည်ရှိ မြန်မာအလုပ်သမားသည် ဧပြီလ ၁၉ ရက်နေ့က SSS & P. Design and Build Construction Co.,LTD ကုမ္ပဏီ၏ ဆောက်လုပ်ရေးခွင်တစ်ခုတွင် သမံတလင်း ပွတ်တိုက်အချောကိုင်သည့် စက်ကိုကိုင်၍ အလုပ်လုပ် နေရာမှ ဓာတ်လိုက်သဖြင့် ဆေးရုံပို့ပြီး တစ်နာရီအကြာတွင် သေဆုံးခဲ့သည်။ ယင်းသို့ သေဆုံးမှုကို နေအိမ်တွင် သေဆုံးသည်ဟု အလုပ်ရှင်နှင့် အလုပ်သမားခေါင်းဆောင်တို့က လိမ်လည်က ဘတ် သုံးသောင်းဖြင့် ကျေအေးရန် လုပ်ဆောင်မှုကို မိသားစုက လက်မခံကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး […]

မလေးရှားသွားမည့် မြန်မာလုပ်သား တစ်ရာနီးပါး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

April 24, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား တစ်ရာနီးပါးကို ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။ ထားချန့်ဒေသရှိ ဆီဆိုင်အနောက်က ဆီအုန်းခြံထဲတွင် မြန်မာနိုင်ငံသားများ ပုန်းခိုနေကြောင်း တိုင်ကြားချက် ရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဖမ်းဆီးခံရသူများတွင် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၉၅ ဦးရှိပြီး ကျောပိုးအိတ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ တောထဲတွင် ပုန်းနေကြကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် နယ်စပ်ဒေသများဖြစ်သော တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်၊ ရနောင်းခရိုင်များကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ စူရတ်ဌာနီခရိုင်မှတစ်ဆင့် ထိုင်း-မလေးရှားနယ်စပ် ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့အထိ သွားရောက်ကြမည်ဖြစ်ပြီး […]

မြန်မာလုပ်သားများထံက ခြိမ်းခြောက်ငွေညှစ်ခဲ့သော ထိုင်းရဲ ရှစ်ဦးကို တာဝန်မှယာယီဆိုင်းငံ့

Dawei Watch

April 23, 2024

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ ကြက်သားစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ငါးဦးကို ရဲစခန်းသို့ ခေါ်ဆောင်ပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့သော ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို ဧပြီလ ၂၂ ရက်နေ့တွင် တာဝန်မှ ယာယီဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော မတ်လ ၂၉ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ဝင်များသည် ကြက်သားစက်ရုံသို့ ရောက်ရှိလာပြီး အလုပ်သမားများကို လာရောက်စစ်ဆေးရာ မြန်မာအလုပ်သမား ငါးဦးကို ရဲစခန်းသို့ ခေါ်ဆောင်၍ စစ်ဆေးခဲ့သည်။ အလုပ်ရှင်နှင့် အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးသောအခါ လိုအပ်သော စာရွက်စာတမ်းအားလုံး ပြည့်စုံနေခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ကျန်သော အထောက်အထား သက်သေများကို တောင်းခံခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမား များကို တရားစွဲမည်ဟု ခြိမ်းခြောက်ကာ အလုပ်သမားနှင့် အလုပ်ရှင်တို့ထံမှ […]