BREAKING
October 25, 2025

ရွှေ့ပြောင်းလုပ်သား

စင်တာထဲ သေနတ်ဖြင့်ပစ်မည်ဟုရေးသူမှာ အကောင့်ပိုင်ရှင် မြန်မာလူမျိုး မဟုတ်ဟု ထိုင်းရဲဆို

Dawei Watch

October 21, 2024

ထိုင်းနိုင်ငံ ခွန်ကယ်ဒေသရှိ Cenral Plaza ရှောပင်းစင်တာထဲဝင်ရောက်ကာ သေနတ် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ရေးသားသူမှာ အကောင့်ပိုင်ရှင် မြန်မာနိုင်ငံသား မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။ ပြီးခဲ့သော အောက်တိုဘာလ ၁၇ ရက်နေ့က ခွန်ကယ် Facebook Group ထဲသို့ ပိုစ့်တင်ပြီး ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု မြန်မာနိုင်ငံသားတစ်ဦး၏ Facebook အကောင့်ဖြင့် ခြိမ်းခြောက်ရေးသားခဲ့သည်။ ပိုစ့်တွင် “နောက် ၃၀ မိနစ်အကြာမှာ စင်တာထဲ တွေ့ကြရအောင်။ လူ ၅၀ လောက်ကို ပစ်ဖို့လုပ်ထားတယ်။ အဲ့ထဲက ၂၀ လောက် သေနိုင်တယ်” ဟု အဓိပ္ပာယ်ရသည့် ခြိမ်းခြောက်စာကို ထိုင်းဘာသာဖြင့် ရေးသားခဲ့သည်။ ပိုစ့်ကိုလည်း ကျည်ဆန်အပြည့်ဖြည့်ထားသော […]

ထိုင်းတွင် မြန်မာအချင်းချင်း ဓားဖြင့်ထိုးပြီး လမ်းဘေးတွင်ပစ်ထားသော အလောင်းတွေ့

Dawei Watch

October 20, 2024

ထိုင်းနိုင်ငံ ဖေ့ချ်ဘွန်ခရိုင် လွမ်စက်ဒေသ ဘုန်းကြီးကျောင်းအနီး လမ်းဘေးတွင် အသတ်ခံထားရသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၄၈ အရွယ် ကိုအောင်မင်းဌေးအမည်ရှိ မြန်မာအမျိုးသားဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှုအရ မြန်မာအချင်းချင်း သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ တရားခံဟု ယူဆရသူကို ဖမ်းဆီးမိထားပြီး သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ သေဆုံးသွားသော အမျိုးသားသည် ဗုဒ္ဓကောလိပ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး အနီးရှိ အလုပ်သမားတန်းလျားတွင် အခြားမြန်မာအလုပ်သမားများနှင့်အတူ နေထိုင်သူဖြစ်ကြောင်း နီးစပ်သူတစ်ဦး၏ ဖြေကြားချက်ကို ဖော်ပြထားသည်။ သူမသေဆုံးမီညက ဝိုင်းဖွဲ့အရက်သောက်နေကြစဉ် အခြားသူငယ်ချင်းတစ်ဦးနှင့်အတူ အရက်ထပ်ဝယ်ရန် ထွက်သွားရာမှာ ပြန်မရောက်လာပဲ အလောင်းကို ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ရေးသားထားသည်။ သူနှင့်အတူ ထွက်သွားသော သူငယ်ချင်းဖြစ်သူမှာ […]

စျေးဝယ်စင်တာထဲ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်သည်သံသယဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

October 19, 2024

ထိုင်းနိုင်ငံ ခွန်ကယ်ဒေသရှိ Cenral Plaza ရှောပင်းစင်တာအတွင်း သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သံသယရှိသူ မြန်မာနိုင်ငံသားကို တွေ့ရှိခဲ့ပြီဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၂ နှစ်အရွယ် စိုင်းစန်ဖောအမည်ရှိ မြန်မာနိုင်ငံသားဖြစ်သည်။ ၎င်းကို အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ အလုပ်သမားတန်းလျားတွင် ရဲတပ်ဖွဲ့များက လာရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေက ခွန်ကယ် Facebook Group ထဲသို့ ပိုစ့်တင်ပြီး ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ Facebook ပေါ်တွင် ပိုစ့်တင်ခြိမ်းခြောက်သူ၏ အမည်ကို […]

ထိုင်းသို့ အလုံပိတ်ကားဖြင့် တရားမဝင်လာသော ရိုဟင်ဂျာ သုံးဦးသေဆုံးပြီး ခုနစ်ဦးသတိလစ်

Dawei Watch

October 18, 2024

ထိုင်းနိုင်ငံအတွင်းသို့ အလုံပိတ်ကားများဖြင့် တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာများအနက် သုံးဦးသည် အသက်ရှူကျပ်၍ သေဆုံးပြီး ခုနစ်ဦး သတိမေ့မြောကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ရိုဟင်ဂျာ ၂၆ ဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က အလုံပိတ်ကားနှစ်စီးဖြင့် တာခ့်ခရိုင် မဲဆောက်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာကြကြောင်း ဖော်ပြသည်။ ၎င်းတို့သည် မလေးရှားနိုင်ငံသို့သွားရန် ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်သို့ ခရီးဆက်လာစဉ် အောက်တိုဘာလ ၁၇ ရက်နေ့က ချွန်ဖော်ခရိုင် လန်စွန်းဒေသသို့အရောက်တွင် အသက်ရှူကျပ်လာခြင်းဖြစ်ကြောင်း ရိုဟင်ဂျာတစ်ဦး ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်ကို သတင်းများတွင် ရေးသားသည်။ အသက်ရှူကျပ်လာပြီးနောက် ကားကို ထုရိုက်အချက်ပြခဲ့ကြရာ ကားမောင်းသမားကို အနောက်တံခါးကို လာဖွင့်ပေးခဲ့ကြောင်း ဆိုသည်။ အထဲတွင် ရိုဟင်ဂျာ ၁၀ ဦး အသက်ရှူကျပ်၍ သတိမေ့မြောနေခဲ့ရာ ကားသမားများက […]

ထိုင်းတွင် ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် ပစ်ခတ်မည်ဟုဆို၍ လုံခြုံရေးတိုးမြှင့်

Dawei Watch

October 18, 2024

ထိုင်းနိုင်ငံ ခွန်ကယ်ဒေသရှိ Central Plaza ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် ပစ်ခတ်မည်ဟုဆို၍ လုံခြုံရေးတိုးမြှင့်ထားပြီး ခြိမ်းခြောက်သူကို အမြန်ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က ခွန်ကယ် Facebook Group ထဲသို့ ပိုစ့်တင်ပြီး ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ ခြိမ်းခြောက်သူ၏ လူမှုကွန်ရက်အကောင့် ပရိုဖိုင်အမည် (Profile) သည် ရှမ်းဘာသာစကားဖြင့် ရေးသားထား၍ မြန်မာနိုင်ငံသားဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။ “နောက် ၃၀ မိနစ်အကြာမှာ စင်တာထဲ တွေ့ကြရအောင်။ လူ ၅၀ လောက်ကို ပစ်ဖို့လုပ်ထားတယ်။ အဲ့ထဲက ၂၀ လောက် သေနိုင်တယ်” ဟု အဓိပ္ပာယ်ရသည့် ခြိမ်းခြောက်စာကို ထိုင်းဘာသာဖြင့် […]

ထားဝယ်တွေ ဆင်နွှဲတဲ့ ထိုင်းတောင်ပိုင်းက သီတင်းကျွတ်မီးထွန်းပွဲ

Dawei Watch

October 17, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းမှာ ထားဝယ်‌ဒေသခံတွေအပါအဝင် မြန်မာနိုင်ငံသားတွေ ဒီကနေ့ညမှာ ကျင်းပတဲ့ သီတင်းကျွတ်ပွဲတော် ဆီမီးပူဇော်ပွဲရဲ့ ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။

ကော့စမွေကျွန်းက မြန်မာများ၏ သီတင်းကျွတ်လပြည့် စတုဒီသာအလှူ

Dawei Watch

October 17, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းရှိ ဓမ္မဒီပအန်ကောကျောင်းတွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲနှင့် မြန်မာနိုင်ငံသားများ၏ စတုဒီသာအလှူပွဲကို ယနေ့ အောက်တိုဘာ ၁၇ ညနေ ၅ နာရီမှစတင်၍ ကျင်းပနေသည်။ ပွဲသို့ လာရောက်သူများသည် ဘုရားဆီမီးပူဇော်နိုင်သကဲ့သို့ ရဟန်းသံဃာကိုလည်း သင်္ကန်းကပ်လှူပူဇော်နိုင်ရန် စီစဉ်ထားသည်ကို‌ တွေ့ရသည်။ လာရောက်သူများကိုလည်း စတုဒီသာမုန့်ဈေးတန်းပေါင်း ၅၀ နီးပါးက ကျွေးမွေးဧည့်ခံနေပြီး မုန့်ဈေးတန်းတွင် ထားဝယ်မုန့်လက်သုပ်၊ သနပ်မုန့်တီ၊ ရခိုင်မုန့်တီ၊ ရေခဲမုန့်၊ ကြက်ကြော်၊ ကြာဇံချက်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။ ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။

ဘန်ကောက်တွင် မြန်မာအမျိုးသမီးက မွေးကင်းစကလေး အလောင်းကို အမှိုက်ပုံးထဲ စွန့်ပစ်

Dawei Watch

October 16, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖတ်ခနုံနယ်မြေတွင် မြန်မာအမျိုးသမီးတစ်ဦးသည် မွေးကင်းစ ကလေးငယ်တစ်ဦး၏ အလောင်းကို အမှိုက်ပုံးထဲသို့ စွန့်ပစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အိတ်ထဲစွန့်ပစ်ထားသော မွေးကင်းစကလေးငယ်၏ အလောင်းကို အမှိုက်သိမ်းကားမောင်းသမားက ယနေ့ (အောက်တိုဘာ ၁၆) နံနက် ၉ နာရီအချိန်ခန့်က တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ အမှိုက်ပုံးများထဲမှ အမှိုက်များကို သိမ်းရန်လာစဉ် အဆောင်ရှေ့က အမှိုက်ပုံးအပြာထဲတွင် အိတ်ကြီးတစ်အိတ်တွေ့ရှိခဲ့ကြောင်း အမှိုက်ကားမောင်းသမားက ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။ အိတ်ထဲတွင် အမှိုက်များမရှိဘဲ ကလေးငယ်၏ အလောင်းနှင့် အဝတ်အစားတစ်ချို့ကို တွေ့ရသဖြင့် အာဏာပိုင်များကို ချက်ချင်းအကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့များနှင့် ဆေးရုံက မှုခင်းဆရာဝန်များ ရောက်ရှိလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကလေးငယ်သည် ကိုယ်ဝန် ၇ လသားအရွယ် ယောက်ျားလေးဖြစ်ပြီး သေဆုံးချိန် တစ်ရက်ခန့်ကြာနေပြီဖြစ်သည်ကို […]