မဟာချိုင်က ဆပ်ပြာစက်ရုံကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာ ၂၀ အဖမ်းခံရ
Dawei Watch
February 7, 2025ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ ကထူးဘင်ဒေသ မဟာချိုင်တွင် အဝတ်လျှော်ဆပ်ပြာရည်နှင့် ချွတ်ဆေးများ ထုတ်လုပ်ရောင်းချနေသော စက်ရုံကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံခဲ့ရသည်။ စက်ရုံထဲမှ စွန့်ပစ်အရည်များနှင့် အမှိုက်ပုံများမှ အနံ့ဆိုးထွက်နေသဖြင့် အနီးနေဒေသခံများက တိုင်ကြားလာရာမှ အလုပ်သမားရုံးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီလ ၆ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများကဆိုသည်။ စက်ရုံထဲတွင် မှတ်ပုံမတင်ထားသော အဝတ်လျှော်ဆပ်ပြာရည်၊ ချွတ်ဆေး၊ အိမ်သာဆေးရည်ဘူးများပါသော ပါကင်ဖာများနှင့်အတူ စက်ပစ္စည်းများစွာကို စစ်ဆေးတွေ့ရှိခဲ့ရသည်။ စက်ရုံသည် လိုင်စင်မဲ့စက်ရုံဖြစ်ပြီး ဆပ်ပြာရည်နှင့်ချွတ်ဆေးများကလည်း မှတ်ပုံတင်ထားခြင်းမရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။ စက်ရုံထဲတွင် မြန်မာအလုပ်သမား ၂၀ ဦးနှင့် တရုတ်အလုပ်သမား ၃ ဦး လုပ်ကိုင်နေသဖြင့် ၎င်းတို့ကို ဥပဒေအရ ဖမ်းဆီးခဲ့ဟုဆိုသည်။ အဝတ်လျှော်ဆပ်ပြာရည်နှင့် ချွတ်ဆေးများကို စက်ရုံထဲထုတ်လုပ်ပြီး အွန်လိုင်းမှတစ်ဆင့် […]


