ထိုင်းနိုင်ငံတွင် ရောက်ရှိနေသာ ကလေးများအားလုံး ကျောင်းတက်ခွင့်ပြုမည်
Dawei Watch
January 31, 2026ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကလေးငယ်များအားလုံး ကျောင်းတက် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း ထိုင်းတော်ဝင်ပြန်တမ်းက ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကလေးငယ်အားလုံးသည် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း၊ တရားဝင် မှတ်ပုံတင် အထောက်အထား မရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံသား မဟုတ်သော နိုင်ငံခြားသားဖြစ်စေ ကလေးအားလုံးအကျုံးဝင်ကြောင်း ထိုင်းတော်ဝင်ပြန်တမ်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ အကယ်၍ ကျောင်းအပ်နှံသည့်အချိန် ရွှေ့ပြောင်းကလေးငယ်များတွင် မှတ်ပုံတင်နံပါတ်ဟုခေါ်သည့် G ၁၃ လုံး မရှိသေးသော်လည်း ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့်အတိုင်း ကျောင်းဘက်က G Code system မှတစ်ဆင့် မှတ်ပုံတင်ပေးပြီး ကျောင်းအပ်လက်ခံပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကလေးငယ်များသည် ဥပဒေအရ မှတ်ပုံတင်နံပါတ် ၁၃ လုံး မကျသေးသေးသည့်အချိန် ကျောင်းက ပေးထားသော G […]


