မြန်မာအပါအဝင် အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများကို ပန်းရောင်ဘတ်လုပ်ပေးရန် ထိုင်းအစိုးရအတည်ပြု
Dawei Watch
June 21, 2024မြန်မာအပါအဝင် ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် အလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက ယနေ့ ဇွန်လ ၆ရက်တွင် ကြေညာသည်။ ဇွန်လ ၅ ရက်နေ့က ပြုလုပ်သော နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးအစည်းအဝေးတွင် အချက်သုံးချက်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။ ပထမအချက်က ထိုင်းတွင် တရားမဝင် ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ပေးရန် ဖြစ်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံသို့ ရောက်နှင့်ပြီးသားဖြစ်ရမည်ဖြစ်ပြီး အလုပ်ရှင်ထံတွင် အလုပ်လုပ်နေရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။ အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းတိုးရန် မမီလိုက်သူများ၊ အလုပ်ရှင်ပြောင်းရန် အချိန်မလုံလောက်သဖြင့် တရားမဝင်ဖြစ်သွားသူများလည်း အကျုံးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကြေညာချက်တွင် ပန်းရောင်ဘတ်လုပ်ပေးရန် အတည်ပြုပေးခြင်းဖြစ်ပြီး […]