ပြစ်မှုဟောင်းဖြင့် နေရပ်ပြန်ပို့ခံရဖူးသောမြန်မာတစ်ဦး ပန်းရောင်ကတ်လုပ်ချိန် ပြန်ဖမ်းဆီးခံရ
Dawei Watch
March 20, 2025ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးနောက် နေရပ်ပြန်ပို့ခံရဖူးသော မြန်မာနိုင်ငံသားတစ်ဦးသည် နေထိုင်အလုပ်လုပ်ခွင့် လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် လဝကတွင် လက်ဗွေနှိပ်ချိန် ပြစ်မှုဟောင်း ပြန်ပေါ်လာသဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၃၇နှစ်အရွယ် ကိုမင်းထွန်းသည် စမွတ်စာခွန်ခရိုင် လဝကရုံးတွင် လက်ဗွေနှိပ်စဉ် ပြီးခဲ့သော ၂၀၂၂ ခုနှစ်က ခိုးမှုကျူးလွန်ဖူးသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) လျှောက်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများ သည် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း၊ လဝကတွင် ဇီဝ အချက်အလက်ပေးသွင်းရန် လက်ဗွေနှိပ် မျက်လုံးစကင်ဖတ် ခြင်းများ ပြုလုပ်ရသည်။ ကိုမင်းထွန်းသည် အမည်ပြောင်းလဲကာ ပန်းရောင်ကတ်လျှောက်ထားခဲ့ခြင်းဖြစ်သော်လည်း လက်ဗွေနှိပ်ချိန်တွင် ယခင်ပြစ်မှုမှတ်တမ်းဟောင်း ပြန်ပေါ်လာကြောင်း သတင်းများတွင် ဖော်ပြသည်။ ကိုမင်းထွန်းကို ယခင်ပြစ်မှုကြောင့် နေရပ်ပြန်ပို့ထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအရ […]


