ဖမ်းဆီးနေမှုကြောင့် မဟာချိုင်က စစ်ရှောင်ကူညီရေးအဖွဲ့များ အလှူငွေရရန် ခက်ခဲလာ
Dawei Watch
February 25, 2025ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် အလှူခံနေသော မြန်မာများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်လာနေသဖြင့် ပြည်တွင်းရှိ မြန်မာဒုက္ခသည်များအတွက် အလှူငွေရရှိရန် ပိုမိုခက်ခဲလာနေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။ မဟာချိုင်ဒေသနှင့် အုန်းနွဲ့၊ အုန်းယိုင်ဒေသတွင် မြန်မာအလုပ်သမားများက တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်တိုင်း လမ်းမပေါ်၊ ဈေးနှင့် လူစည်ကားရာ နေရာများတွင် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအတွက် အလှူခံလေ့ရှိကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၉ ရက်နေ့က အုန်းယိုင်ဒေသရှိ လူကူးခုံးကျော်တံတားပေါ်တွင် စစ်ဘေးရှောင်များအတွက် အလှူခံနေသော မြန်မာနိုင်ငံသားများကို ထိုင်းမျိုးချစ်အဖွဲ့က လာရောက်တားဆီးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများက ငွေကြေးအလှူခံခွင့် မရှိဟု ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့ထံ ဖမ်းဆီးစေခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၃ ဦးကို ရဲစခန်းတွင် […]


