BREAKING
May 24, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် မြန်မာဇနီးမောင်နှံနှစ်ဦး ဘတ် ၆ သန်း ထီပေါက်

Dawei Watch

September 2, 2024

စက်တင်ဘာလ ၁ ရက်နေ့က ဖွင့်လှစ်လိုက်သော ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ပထမဆု ဘတ် ၆ သန်းကို မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးက ကံထူးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာဇနီးမောင်နှံနှစ်ဦးမှာ ထီ ၁၀ စောင်ထိုးခဲ့ပြီး တစ်စောင်က ဘတ် ၆ သန်းပေါက်သဖြင့် ဆုငွေထုတ်ယူရန် မြန်မာအလုပ်သမား အဖွဲ့အစည်းဖြစ်သော MHAC မဟာမိတ်အဖွဲ့ကို အကူအညီလာတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ အဖွဲ့ကနေတစ်ဆင့် ယနေ့ (စက်တင်ဘာ ၂) ဆုငွေအပြီးထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။ “မနေ့က ထီထွက်ပြီးတာနဲ့ အဖွဲ့ကို ဆက်သွယ်လာတယ်ပေါ့နော်။ ဒီနေ့ပဲ ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လုံခြုံရေးကိုပါ တာဝန်ယူပြီး ရုံးအဖွဲ့က ဆုငွေကို နေ့ချင်းပြီး ထုတ်ယူပေးခဲ့ပါတယ်” […]

စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်အမျိုးသားများ ကော့သောင်းနယ်စပ်ဖြတ်သန်းခွင့်ပိတ်

Dawei Watch

September 2, 2024

စစ်မှုထမ်းအသက် အကျုံးဝင်နေသော လူငယ်အမျိုးသားများကို ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ထွက်ခွင့်အား ယနေ့စတင် ပိတ်ပင်လိုက်ကြောင်း မြို့ခံများထံမှသိရသည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသော အမျိုးသားများကို ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဖြတ်သန်းသွားလာမှုကို ကော့သောင်းနယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနများက ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်မှစတင်ကာ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် ယာယီနယ်စပ်ဖြတ်သန်းသန်းခွင့်လက်မှတ်ဖြင့် သွားလာသူများကိုသာ ပိတ်ထားခြင်းဖြစ်ပြီး ၁၄ ရက်သက် တမ်းရှိ Boder Pass စာအုပ်ဖြင့် သွားလာသူများကိုမူ သွားလာခွင့်ပြုထားကြောင်း TBP ကိုင်ဆောင်ထားပြီး ဖြတ်သန်းခွင့် မရသည့် ကော့သောင်းဒေသခံတစ်ဦးက ပြောသည်။ “ယောက်ျားလေးတွေ ပိတ်လိုက်တာ။ မိန်းကလေးတွေ ရနေသေးတယ်။ […]

ထိုင်းတွင် သုံးလနီးပါးအတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာတစ်ထောင်ခန့် ဖမ်းဆီးခံရ

Dawei Watch

September 2, 2024

ထိုင်းနိုင်ငံတွင် သုံးလနီးပါး(၈၅ ရက်ခန့်)အတွင်း လုပ်ငန်းခွင်ထဲရှိ ရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းသုံးသောင်းကျော်ကို စစ်ဆေးခဲ့ပြီးနောက် မြန်မာ တစ်ထောင်ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့အထိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား နှစ်သိန်းသုံးသောင်းကျော်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံများ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များအပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၆၇၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးခဲ့သော အလုပ်သမား နှစ်သိန်းသုံးသောင်းကျော်တွင် မြန်မာအလုပ်သမား ၁၇၇၀၀၀ ကျော်ဖြင့် အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယား ၃၄၆၀၀ ကျော်၊ လာအို ၁၃၄၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံသား ၁၄၅ […]

ထိုင်းရောက် မြန်မာကျောင်းသားလေးတွေ အားထားရတဲ့ ဘတ်တစ်ဆယ်တန် အိုးသူကြီး

Dawei Watch

August 30, 2024

ထိုင်းတောင်ပိုင်း၊ ကော့ဖငန်းကျွန်းပေါ်က မြန်မာကျောင်းသား ၄၀၀ နီးပါးကို ထမင်းတစ်နပ် ဘတ် ၁၀ နဲ့ရောင်းပေးနေတဲ့ အိုးသူကြီးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

ထိုင်းတွင် ပွဲစားက မြန်မာလုပ်သားများကို အလုပ်ရှာပေးမည်ဟု ငွေလိမ်ပြီး လမ်းဘေးစွန့်ပစ်

Dawei Watch

August 30, 2024

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် စီမဟာဗောဓိဒေသတွင် မြန်မာပွဲစားက အလုပ်ရှာပေးမည်ဟုဆိုကာ မြန်မာအလုပ်သမား ၁၂ ဦးထံမှ ငွေကြေးလိမ်လည်ကောက်ခံခဲ့ပြီး လမ်းဘေးတွင် စွန့်ပစ်ခဲ့သဖြင့် ဒုက္ခရောက်နေကြကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ မြန်မာပွဲစားတစ်ဦးသည် အလုပ်သွင်းပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ တစ်ဦးစီအတွက် ဘတ် ၄၅၀၀ မှ ၇၀၀၀ အထိ ငွေကြိုတင်ကောက်ခံပြီး လမ်းတစ်နေရာအရောက်တွင် စွန့်ပစ်ခဲ့ကြောင်း New Workpoint 23 သတင်းဌာနက ဩဂုတ်လ ၂၈ ရက်နေ့တွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများ စွန့်ပစ်ခံရသော နေ့ရက်တို့ကိုမူ ဖော်ပြထားခြင်းမရှိပေ။ အလိမ်ခံရသော မြန်မာအလုပ်သမားများကို အနီးအနားရှိ ထိုင်းနိုင်ငံသားတစ်ဦးက ကူညီခဲ့ပြီး နေထိုင်ရန် အခန်းနှင့် ဆန်၊ စားစရာများ ပေးထားခဲ့ကြောင်း ဆိုသည်။ အနီးအနား နေထိုင်သူများကလည်း အစားအသောက်ပစ္စည်များ လာရောက်ကူညီပေးကမ်းကြကြောင်း သတင်းတွင် ဖော်ပြသည်။ […]

ထိုင်းရောက် မြန်မာတွေရဲ့ ပင့်သက်ရှိုက်သံ

Dawei Watch

August 29, 2024

ပြည်တွင်းပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်းထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်သားအဖြစ် တိမ်းရှောင်ဝင်ရောက်လာကြပါတယ်။ ထိုင်းနိုင်ံငံထဲရောက်လာချိန်မှာလည်း ဘဝရှင်သန်ရပ်တည်ရေးအတွက် ပန်းရံ၊ အိမ်အကူ၊ စက်ရုံလုပ်သားစတဲ့ အောက်ခြေသိမ်း အလုပ်တွေလုပ်ကိုင်နေကြရတာပါ။ ရွှေ့ပြောင်းလုပ်သားအရေအတွက်များပြားလာတဲ့နဲ့အမျှ ထိုင်းအလုပ်ရှင်အချို့ရဲ့ ခေါင်းပုံဖြတ်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ရင်ဆိုင်နေရပါတယ်။ အခြေခံလုပ်အားခတောင်မရကြသူတွေရှိသလို သတ်မှတ်အလုပ်ချိန်ထက် နာရီပေါင်းများစွာလုပ်ကိုင်နေရသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ ခါးသီတဲ့ဘဝ၊ အခက်အခဲ၊ စိန်ခေါ်မှုနှင့် ရင်ဆိုင်ကျော်ဖြတ်နေတဲ့ အခြေအနေတွေကို ရိုက်ကူးတင်ဆက်လိုက်ပါတယ်

ထိုင်းမြေအောက်ရထားလမ်းမြေပြိုမှု ပိတ်မိနေသည့် မြန်မာလုပ်သားကို သေဆုံးလျက်ပြန်တွေ့

Dawei Watch

August 29, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စ မြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသူ သုံးဦးအနက် မြန်မာအလုပ်သမားကို သေဆုံးလျက်ပြန်လည်တွေ့ရှိပြီး ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြသည်။ ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ မြန်မာအလုပ်သမား တည်နေရာကို စတင်တွေ့ရှိချိန် အသက်ရှင်နေသေးသော လက္ခဏာနှင့် ထရပ်ကားခေါက်သံများ ကြားနေရသဖြင့် အသက်ရှင်နေသေးသည်ဟု ယုံကြည်ထားကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့အကူအညီများ အဆင်သင့် ပြုလုပ်ထားပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရန် ရဟတ်ယာဉ်ကိုလည်း အဆင်သင့်ပြုလုပ်ထားကြောင်းဆိုသည်။ ထို့နောက် မြန်မာနိုင်ငံသားကို ကယ်တင်နိုင်ရေး ပိတ်မိနေသော ကျောက်တုံးများကို ညလုံးပေါက် ဖယ်ရှားခဲ့ကြောင်း ဖော်ပြသည်။ သို့သော်လည်း ပြိုကျမှုဖြစ်ပြီး ငါးရက်ခန့်အကြာ ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသား၏ အလောင်းကိုသာ ပြန်လည် […]

ဖူးခက်မြေပြိုမှုကြောင့် နာမည်ကြီး Big Buddha ဘုရားကြီး၏ ဂေါပကအဖွဲ့ စစ်ဆေးခံနေရ

Dawei Watch

August 29, 2024

ထားဝယ်သားဒေသခံများအပါအဝင် လူ ၁၀ကျော်သေဆုံးခဲ့သည့် ဖူးခက်မြေပြိုမှုဖြစ်ပွားပြီးနောက်တွင် ဖူးခက်မြို့ရှိ နာမည်ကြီး Big Buddha ဘုရားကြီးဂေါပကအဖွဲ့ စစ်ဆေးခံနေရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ နယ်မြေကျူးကျော်တည်ဆောက်ထားမှု၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းအချို့ လုပ်ကိုင်ခဲ့မှုနှင့် ရေလွှဲပြောင်းစနစ် စနစ်တကျတည်ဆောက်ထားခြင်း မရှိခဲ့မှုတို့ကြောင့် စစ်ဆေးခံနေရခြင်းဖြစ်သည်။ ထိုင်းတောင်ပိုင်း ဖူခက်မြို့တွင် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကတရပ်ကွက်ရှိ Big Buddha ဘုရားကြီး တည်ဆောက်ထားသော တောင်ကုန်းအနောက်တွင် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ရှစ်ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။ မြေပြိုမှုနှင့် ပက်သက်၍ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထိုင်းသစ်တောဌာန၊ ဖူးခက်မြို့ ဗုဒ္ဓဘာသာရုံးအပါအဝင် ရဲတပ်ဖွဲ့များနှင့် နယ်မြေခံအရာရှိများက တောင်အမြင့်ပေါ် ဘုရားကြီးတည်ဆောက်ထားမှုနှင့်ပက်သက်၍ ကွင်းဆင်းကာ စုံစမ်းစစ်ဆေးခဲ့သည်။ သစ်တောဌာနက Big Buddha […]