ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းနိုင်ငံ ပန်ဘူရီတွင် မြိတ်ဒေသခံ အမျိုသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

Dawei Watch

August 18, 2025

ထိုင်းနိုင်ငံ ၊ ပကျွတ်ခရိုင် ၊ ပန်ဘူရီမြို့တွင် သြဂုတ်လ ၁၇ ရက်ညက ဆိုင်ကယ်မောင်းလာသည့် လင်မယားနှစ်ဦးကို ကားတစ်စီးက ဝင်တိုက်မိ၍ အမျိုးသမီးဖြစ်သူ သေဆုံးသွားကြောင်း သေဆုံးသူ၏ မိတ်ဆွေများထံမှသိရသည် ။ သေဆုံးသူသည် မြိတ်မြို့နယ် ၊ ပြင်းငယ်ရွာ ဒေသခံ အသက် ၄၁ နှစ်အရွယ် မချိုလွင် ဖြစ်ပြီး ထိုင်းနိုင်ငံ တွင် ရှားစောင်းလက်ပက်စက်ရုံ၌ အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမတစ်ဦးဖြစ်သည် ။ “ဆန်ဝယ်ပြီး ပြန်လာတဲ့အချိန် ဆိုင်ကယ်ကို ကားက ဝင်တိုက်တယ် ။ အမျိုးသားဖြစ်သူက ဆိုင်ကယ်နဲ့ လဲကျပြီးကျန်ခဲ့တယ် ။ အမျိုးသမီးက ကားမှာချိတ်ပြီးပါသွားတယ် ။ ဒဏ်ရာပြင်းတော့ သေသွားတယ် အရှေ့အနောက်ဆင့်တိုက်တာပါ” ဟု မချိုလွင် ၏ မိတ်ဆွေတစ်ဦးက ပြောသည် ။ […]

မလေးရှားသွားမည့် မြန်မာ ၁၃ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

August 18, 2025

မလေးရှားနိုင်ငံသို့ သွားရောက်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၁၇ ရက်နေ့က ကော့လတ်ဒေသ တောထဲရှိ အိမ်အဟောင်းတစ်ဆောင်ထဲတွင် နိုင်ငံခြားသားများ တရားမဝင် ရောက်နေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အာဏာပိုင်အဖွဲ့က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အာဏာပိုင်များ ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံသားအချို့သည် အိမ်အဟောင်းထဲ ပုန်းနေကြပြီး အချို့သည် တောထဲပုန်းနေကြကြောင်း သိရသည်။ အာဏာပိုင်များက မြန်မာနိုင်ငံသားများအား ထမင်းထွက်လာစားကြရန် လှည့်ကွက်သုံး၍ ခေါ်ယူစဉ် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း၊ အားလုံးတွင် တရားဝင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် ဩဂုတ်လ ၁၃ ရက်နေ့က […]

ဘန်ကောက်က ကာရာအိုကေတွင် မူးယစ်ဆေးသုံးထားသည်ဟုဆိုကာ မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

August 16, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကာရာအိုကေဘားတစ်ခုတွင် မူးယစ်ဆေးဝါးသုံးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြသည်။ Srivara လမ်းပေါ်က Town in Town ဟိုတယ်ဘေးတွင် အမည်မရှိ ကာရာအိုကေဘားတစ်ခုကို ဩဂုတ်လ ၁၅ ရက် ညတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ ကာရာအိုကေဘားသည် တစ်ထပ်အဆောက်အအုံဖြစ်ပြီး အထဲတွင် ကာရာအိုကေအခန်း သုံးခန်းပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကာရာအိုကေအခန်းထဲတွင် မြန်မာနိုင်ငံသား ၆၀ ဦးကို တွေ့ရှိခဲ့ပြီး တားမြစ်ထားသော မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိ စစ်ဆေးရာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၁ ဦးတွင် မူးယစ်ဆေးသုံးစွဲထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများသည် မွေးနေ့ပါတီတစ်ခုအတွက် […]

ထိုင်းက မြန်မာ ၁၀၀ နီးပါး ဩဂုတ်လတွင် နေရပ်ထပ်ပြန်ပို့

Dawei Watch

August 15, 2025

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ယနေ့ (ဩဂုတ်လ ၁၅) တွင် ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း‌လဝကရုံးက ထုတ်ပြန်သည်။ နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၉၉ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ကိုးကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၃၇၈ ဦး ရှိလာပြီဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ […]

မဟာချိုင်တွင် မြန်မာလေ့ကျင့်ရေးစင်တာက ဆရာမတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 15, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ မြန်မာကလေးငယ်များ ပညာသင်ယူနေသော လေ့ကျင့်ရေးစင်တာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် စာသင်ကြားပေးနေသော မြန်မာဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများနှင့် ကျောင်းနာယကထံမှ သိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့က မဟာချိုင်ဒေသ မွန်းမိုင်ဈေးအနောက် DTIC (လွတ်လပ်သော ကလေးများ နေ့စဉ် လေ့ကျင့်ရေးစင်တာ) သို့ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့က တိုင်ကြားချက်ရရှိသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ DTIC စင်တာသည် မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမားများ အလုပ်သွားချိန် ၎င်းတို့၏ ကလေးငယ်များ ပညာသင်ယူနိုင်ရေး လေ့ကျင့်သင်ကြားပေးနေသော လေ့ကျင့်ရေးစင်တာဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးချိန်တွင် မြန်မာကလေးငယ် ၁၀၀ ခန့် ပညာသင်ယူနေပြီး အသက် ၄၈ နှစ်အရွယ် ဆရာမ မမာလာအောင်က ကလေးများကို ပညာသင်ပေးနေကြောင်း သတင်းတွင် ဖော်ပြသည်။ […]

ဘန်ကောက်တွင် မြန်မာလူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံး

Dawei Watch

August 14, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခလောင်တိန်ဈေးအနီး လူကူးခုံးကျော်တံတားပေါ်တွင် မြန်မာလူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၂ နာရီခန့်က လူကူးခုံးကျော်တံတားပေါ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာလူငယ်၏ အလောင်းကို ထိုင်းနိုင်ငံသားတစ်ဦးက တွေ့ရသဖြင့် ရဲကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန်တွင် မြန်မာလူငယ်သည် သွေးအိုင်ထဲ၌ မှောက်လျက် သေဆုံးနေပြီး ဦးခေါင်း၊ လက်၊ တင်ပါးနှင့် နောက်ကျောများတွင် ထိုးသွင်းဒဏ်ရာများစွာ ရရှိထားကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၁၉ နှစ်အရွယ် ကိုမင်းစိုးသူ (ခ) ပိုင်ပိုင် ဖြစ်ပြီး မြန်မာနိုင်ငံ မွန်ပြည်နယ် ကျိုက်မရောဇာတိဖြစ်ကြောင်း နီးစပ်သူက ပြောသည်။ အခင်းဖြစ်သောညက ပိုင်ပိုင်သည် ခုံးကျော်တံတားပေါ်တွင် မိခင်ဖြစ်သူနှင့် […]

အယုဒ္ဓယတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ

Dawei Watch

August 14, 2025

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက အန်ထောင်းဒေသ အာရှလမ်းမကြီးပေါ်တွင် ရှေ့နောက်မောင်းလာသော မသင်္ကာစရာ ကားနှစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကားထဲတွင် ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသား ၁၇ ဦးကို တွေ့ရပြီး မြန်မာနိုင်ငံသားများတွင် နေထိုင်ခွင့် စာရွက်များ မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို တာခ့်ခရိုင်မှ ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးရန် ခေါ်လာခြင်းဖြစ်ပြီး ပို့ဆောင်ခ တစ်ဦးလျှင် ဘတ် ၁၃၀၀ အထိ ရရှိကြောင်း၊ ယင်းကဲ့သို့ ပို့ဆောင်နေသည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း ကားသမားများ၏ ဖြေကြားချက်ကို ဖော်ပြသည်။ ထို့ကြောင့် ကားသမားများနှင့်အတူ […]

ထိုင်းတွင် မြန်မာပထွေး၏ ရိုက်နှက်မှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးသေဆုံး

Dawei Watch

August 14, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက အသက် ၃ နှစ်အရွယ် မယားပါသား အမွှာကလေးနှစ်ဦး ရိုက်နှက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လာလုကာဒေသတွင် အသက် ၂၃ နှစ်အရွယ် ကိုနေစိုင်းဦးသည် အသက် ၃၆ နှစ်အရွယ် မနွေးနွေးဦးနှင့် နောက်အိမ်ထောင်ပြုထားပြီး အမျိုးသမီး၏ အသက် ၃ နှစ်ရွယ် အမွှာကလေးငယ် မောင်နှမနှစ်ဦးနှင့်အတူ နေထိုင်သည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း သတင်းအရသိရသည်။ ဩဂုတ်လ ၉ ရက်နေ့ညက ကိုနေစိုင်းဦးသည် အလုပ်မှပြန်လာစဉ် အမွှာကလေးငယ်နှစ်ဦးသည် ငိုနေသဖြင့် ရိုက်နှက်ခဲ့ရာ ယောက်ျားလေးမှာ နံရံနှင့် ထိခိုက်မိခဲ့ဟုဆိုသည်။ ထို့နောက် ယောက်ျားလေးသည် တက်သွားပြီး ခန္ဓာကိုယ် တောင့်တင်းလာသဖြင့် ကိုနေစိုင်းဦးသည် အရေးပေါ် အသက်ကယ်နည်း […]