မလေးရှားသို့ တရားမဝင် သွားမည့် မြန်မာ ၄၀ ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ
Dawei Watch
June 12, 2025မလေးရှားနိုင်ငံသို့ တရားမဝင်သွားမည့် မြန်မာနိုင်ငံသား ၄၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရခဲ့ရသည်။ ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၃ နာရီခွဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် နယ်မြေရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့က ထိုးဖားဖမ်းဒေသတွင် စောင့်ကြို စစ်ဆေးခဲ့သည်။ ယင်းအချိန် ကားအနောက်ပိုင်းကို တာလပတ်ပိုင်းဖြင့် ဖုံးထားသော ပစ်ကပ်ကားတစ်စီး မောင်းလာသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် ကားသည် မရပ်ပေးပဲ အမှတ် ၃၂၃ အမြန်လမ်းမကြီးအတိုင်း အရှိန်မြင့် မောင်းပြေးသွားခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားကို လမ်းဘေးသို့ ချရပ်ခဲ့ပြီး ကားသမားက အမှောင်ထဲတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ကားအနောက်ပိုင်း တာလပတ်အောက်တွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် […]