ဘန်ကောက် အီး-စီးကရက်စက်ရုံကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း၊ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ
Dawei Watch
September 11, 2025ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရားမဝင် ထုတ်လုပ်နေသော အီး-စီးကရက်စက်ရုံကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၉ ရက်နေ့က ဘန်ကောက်မြို့ ဘန်ခွန်ထီယမ်နယ်မြေရှိ တရားမဝင် အီး-စီးကရက်စက်ရုံကို ထိုင်းမှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။ အဆိုပါစက်ရုံကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်များက မြို့လယ်တွင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားပြီး တရားမဝင် အီး-စီးကရက်များကို ထုတ်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် စက်ရုံထဲက တရုတ်နိုင်ငံသား ၂ ဦးနှင့်အတူ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးခဲ့ဟု သတင်းတွင်ပါရှိသည်။ မြန်မာနိုင်ငံသားများတွင် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်များ မရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဟုဆိုသည်။ နိုင်ငံအနှံ့ ဖြန့်ချိရန် […]


