ထိုင်းအမြန်လမ်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ
Dawei Watch
July 3, 2025ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်ရှိ အမှတ် ၁၂ အမြန်လမ်းမကြီးပေါ်တွင် ပစ်ကပ်ကားအတွင်း ပြည့်ကျပ်စွာ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က ထုတ်ပြန်သည်။ ဇူလိုင်လ ၂ ရက်နေ့က တာခ့်မြို့ရှိ တာခ့်-စူခိုထိုင်း အမြန်လမ်းမပေါ်တွင် မြန်မာနိုင်ငံသားများကို ကားဖြင့် တရားမဝင် ခေါ်တင်လာကြောင်း သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် CIB ရဲတပ်ဖွဲ့က လမ်းပိုင်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းအချိန် ပစ်ကပ်ကားတစ်စီးသည် အရှိန်မြှင့်မောင်းနှင်လာပြီး ကားအလေးချိန်ကလည်း ပုံမှန်ထက် ပိုများနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်။ ကားအတွင်းစစ်ဆေးသောအခါ ပြည့်ကျပ်စွာလိုက်ပါလာသော မြန်မာနိုင်ငံသား ၁၀ ဦးနှင့်အတူ ထိုင်းကားသမားကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဘဲ တာခ့်ခရိုင်ထဲသို့ […]