ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ကန်ချနဘူရီတွင် ကားမှောက်၍ တရားမဝင် ဝင်လာသော မြန်မာ ၃ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

Dawei Watch

October 25, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ယနေ့ နံနက်က ကားမှောက်မှုဖြစ်ခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသ စန်ခရာဘူရီ-ကန်ချနဘူရီ အဝေးပြေးလမ်းမပေါ်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော ပစ်ကပ်ကားက လမ်းဘေးထိုးဆင်းသွားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန် ကားမှောက်မှုကြောင့် မြန်မာနိုင်ငံသား ၃ ဦး သေဆုံးနေပြီး ၃၅ ဦး ဒဏ်ရာရရှိနေသည်ကို တွေ့ရကြောင်း သတင်းအချို့တွင် ဖော်ပြထားသလို သတင်းအချို့ကမူ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးဟုသာဖော်ပြထားသဖြင့် တိတိကျကျမသိရပေ။ ကားပေါ်လိုက်ပါလာသူအားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။ […]

ရနောင်းမှ ကော့သောင်းသို့ ဆိုင်ကယ်မှောင်ခိုပို့သည်ဆိုပြီး မြန်မာခြောက်ဦး ဖမ်းဆီးခံရ

Dawei Watch

October 24, 2025

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ဆိုင်ကယ်များကို လှေဖြင့် မှောင်ခိုပို့ဆောင်နေသည် ဆိုပြီး မြန်မာနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော်၊ အမှတ် ၂၅ ခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။ အကောက်ခွန်ဌာနကို အကြောင်းကြားခြင်းမရှိဘဲ ဆိုင်ကယ်များကို ရနောင်းမှ ကော့သောင်းသို့ မှောင်ခိုပို့နေသည်ဟု သတင်းရရှိသဖြင့် အာဏာပိုင်များက အောက်တိုဘာလ ၂၃ ရက် ညတွင် ရနောင်းမြို့ ပါနမ်းဒေသို့ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ထိုစဉ် ဆိုင်ကယ်များကို ငါးဖမ်းလှေဖြင့် တဖက်ကမ်းသို့ ပို့ဆောင်ရန် စီစဉ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ လှေတွင် ဆားအိတ်များနှင့်အတူ တင်ဆောင်ထားသည် လိုင်စင်မဲ့ ဆိုင်ကယ်သုံးစီးကို တွေ့ရပြီး လှေဦးစီးဖြစ်သော ကိုကျော်မျိုးသူ အပါအဝင် လှေလုပ်သား ခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အနီးတွင် […]

ဖူးခက်တွင် ဖဲရိုက်နေသည်ဆိုပြီး မြန်မာလေးဦးဖမ်းဆီးခံရ

Dawei Watch

October 23, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် ဖဲဝိုင်းထောင်၍ လောင်းကစားပြုလုပ်နေသည်ဆိုပြီး မြန်မာနိုင်ငံသားလေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၂၁ရက်တွင် ဖူးခက်မြို့၊ ချလောင်ဒေသ ပါလိုင်လမ်းထဲရှိ အလုပ်သမားတန်းလျားထဲရှိ ဖဲဝိုင်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ အသက် ၃၁ နှစ်မှ ၄၅ နှစ်ကြား အရွယ်များဖြစ်ကြပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦးတို့ဖြစ်ကြကြောင်း သတင်းများတွင် ဖော်ပြသည်။ ၎င်းတို့နှင့်အတူ ဖဲထုပ်၊ ပုဆိုး၊ ဘတ် ၁၀၀ တန် ၇ ရွက်၊ ဘတ် ၂၀ တန် ၁၀ ရွက်ကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။ ဖူးခက်ခရိုင်အတွင်း တရားမဝင် လုပ်ငန်းများဖြစ်သော လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများကဲ့သို့သော လုပ်ငန်းများကို […]

ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ဝင်လာသော မြန်မာ ၃၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

October 23, 2025

ထိုင်း-မြန်မာနယ်စပ်၊ တာခ့်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၂၂ ရက် ည ၁၁ နာရီခန့်က တာ့ခ်ခရိုင် မယ်လမတ်ဒေသတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၈ ဦး ပါဝင်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ပဲခူးတိုင်းဒေသကြီးမှတစ်ဆင့် လာရောက်ကြပြီး မြဝတီဘက်ခြမ်းတွင် ကိုးရက်ကြာ နေထိုင်ပြီးမှ သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံဘက်ခြမ်း ကြံခြင်း၊ ပြောင်းခင်းများထဲ ပုန်းနေစဉ် အာဏာပိုင်များက စစ်ဆေးတွေ့ရှိသွားသဖြင့် […]

ကန်ချနဘူရီတွင် လမ်းဘေးဓါတ်တိုင်ဝင်တိုက်သည့် ကားပေါ်မှ မြန်မာ ၁၄ ဦးကို ထိုင်းရဲဖမ်း

Dawei Watch

October 22, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော အိမ်စီးကားက လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့ပြီး ကားပေါ်ပါ မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကန်ချနဘူရီမြို့ အဝေးပြေးလမ်းပေါ် မောင်းလာသော ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရေးဂိတ်က ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သော်လည်း ကားက အစစ်ဆေးမခံဘဲ လမ်းကြားများထဲ မောင်းပြေးသွားခဲ့ကြောင်း၊ ကီလိုမီတာ ၃၀ ခန့်အရောက်တွင် အရှိန်လွန်ကာ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့၍ ကားရပ်တန့်သွားခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က အနောက်က လိုက်လာပြီး ကားအတွင်း စစ်ဆေးရာတွင် မြန်မာနိုင်ငံသား ၁၄ ဦးနှင့် လာအိုနိုင်ငံသား ၁ ဦးကို တွေ့ရှိခဲ့ကာ အားလုံးတွင်‌ နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများသည် […]

ထိုင်းသို့ လူမှောင်ခိုပို့နေသည်ဆိုသော ထိုင်းတစ်ဦးနှင့် မြန်မာတစ်ဦးကို ဖမ်းဆီး

Dawei Watch

October 22, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသအပါအဝင် ထိုင်းနိုင်ငံထဲသို့ လူမှောင်ခိုပို့ဆောင်နေသည်ဟုဆိုကာ ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့ကို စမွတ်စခွန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးတွင် ၎င်းတို့နှစ်ဦးကို စမွတ်စခွန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံထဲ မြန်မာနိုင်ငံသားများကို တရားမဝင် ပို့ဆောင်နေသည်ဆိုသော စွပ်စွဲချက်ဖြင့် စမွတ်စခွန်တရားရုံးက အောက်တိုဘာလ ၂၀ ရက်နေ့ရက်စွဲဖြင့် ဝရမ်းထုတ်ထားခဲ့ဟုဆိုသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးနှင့် အသက် ၃၁ နှစ်အရွယ် ကိုစောခင်အမည်ရှိ မြန်မာနိုင်ငံသားတို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသားများကို ထိုင်းမြောက်ပိုင်းခရိုင်များမှတစ်ဆင့် တရားမဝင် လမ်းကြောင်းဖြင့် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသအပါအဝင် […]

အယုဒ္ဓယတွင် လဝကတံဆိပ်တုံး အတုပြုလုပ်မှုဖြင့် မြန်မာ ၁ ဦးကို ဖမ်းဆီး

Dawei Watch

October 21, 2025

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် လူဝင်မှုကြီးကြပ်ရေးရုံး၏ တံဆိပ်တုံး အတုပြုလုပ်ပေးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ အောက်တိုဘာလ ၂၀ ရက်နေ့တွင် တံဆိပ်တုံးအတုပြုလုပ်သော ကွန်ပြူတာနှင့် အလုပ်လုပ်ခွင့်လက်မှတ် အမည်စာရင်းစာရွက် (ဘောတော် ၅၀) အပါအဝင် စာရွက်စာတမ်းအတုများနှင့်အတူ မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူသည် အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး ဘန်ပအင်းဒေသရှိ ၎င်း၏ ကိုယ်ပိုင်ရုံးခန်းထဲတွင် ရဲတပ်ဖွဲ့က ဝရမ်းအရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းကိုဖမ်းဆီးစဉ် မြန်မာနိုင်ငံသားများအတွက် အလုပ်လုပ်ခွင့် လက်မှတ်စာရွက်များတွင် အယုဒ္ဓယလဝကတံဆိပ်တုံး ရိုက်နှက်ထားသော စာရွက်စာတမ်း ၂၆ စုံကို တွေ့ရှိခဲ့သဖြင့် သက်သေအနေဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းတံဆိပ်တုံးများကို စစ်ဆေးစဉ် အချက်အလက် တိတိကျကျမတွေရပဲ အတုဖြစ်နေကြောင်း၊ စာရွက်အားလုံးတွင် […]

ချွန်ဘူရီတွင် အလုပ်ရှာခ ဘတ်တစ်သောင်းကျော်ပေးပြီး အလုပ်ဝင်သည့် မြန်မာ ၁၅၀ အလုပ်ရပ်နားခံရ

Dawei Watch

October 20, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၅၀ ဦးသည် အလုပ်စမတ်ကြေး (အလုပ်ရှာဖွေခ) ဘတ်တစ်သောင်းကျော်ပေး၍ အလုပ်ဝင်ထားသော်လည်း အလုပ်ရပ်နားခံရကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဧပြီလနောက်ဆုံးအပတ်က မြန်မာအလုပ်သမား ၁၅၀ ဦးသည် စီရချာဒေသရှိ ရေပူရေအေးခွက်စက်ရုံတွင် အလုပ်စမတ်ကြေး ဘတ် ၈၀၀၀ နှင့် အလုပ်ရှင်ပြောင်းခ ဘတ် ၄၅၀၀ ပေး၍ ဘတ်ငါးသန်းကုမ္ပဏီအကျိုးဆောင်မှတစ်ဆင့် အလုပ်ဝင်ထားကြကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အလုပ်စမတ်ကြေးဆိုသည်မှာ အလုပ်သမားများက အကျိုးဆောင်များကတစ်ဆင့် အလုပ်ရှာဖွေသည့်အခါ ပေးရသည့် အခကြေးငွေ ဖြစ်သည်။ အလုပ်ဝင်ပြီးနောက် စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် လုပ်အားခများကို အလုပ်ရှင်က မြန်မာအလုပ်သမားများကို မထုတ်ပေးတော့ကြောင်း ဆိုသည်။ အလုပ်ရှင်က လုပ်အားခများကို ထုတ်ပေးမည်ဟု ကတိပေးထားသော […]