ထိုင်းရောက်အမျိုးသားတစ်ဦး ကြိုးဆွဲချသတ်သေ
diz_admin
February 8, 2023ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် ရောက်ရှိနေသာ အသက် ၅၆ နှစ်ရွယ် မြန်မာအမျိုးသားတစ်ဦးမှာ မြန်မာနိုင်ငံပြန်ခွင့်မရသဖြင့် ကြိုးဆွဲချ သတ်သေခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ မြန်မာနိုင်ငံသား စောအောင်ထွန်းသိန်းမှာ ၎င်းနေထိုင်ရာ တိုက်ခန်းဝရံတာတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကြိုးဆွဲချကာ သတ်သေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ သမီးဖြစ်သူနှင့်အတူ စမွတ်ပရကန်ခရိုင် ဘန်ဖလိဒေသ တိုက်ခန်းတစ်ခုကို ငှားရမ်းနေထိုင်နေခြင်းဖြစ်ပြီး သမီးဖြစ်သူ အလုပ်မှပြန်လာချိန် ည ၈ နာရီခွဲခန့်တွင် ကြိုးဆွဲချ သေဆုံးလျက်ရှိနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ စောအောင်ထွန်းသိန်းမှာ အေးဆေးတည်ငြိမ်သူဖြစ်ပြီး လအတော်ကြာ အလုပ်လက်မဲ့ဖြစ်နေခဲ့ကြောင်း သိရသည်။ ၎င်းမှာ အခန်းအပြင်ဘက် ဝရံတာပေါ်မှ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ကြမ်းပြင်ပေါ်တွင် ခြေထောက်နှစ်ဖက် ဒူးကွေးထားကာ လက်နှစ်ဖက်စလုံးကိုလည်း ကြိုးဖြင့် ချည်ထားကြောင်း၊ ပြင်ပဒဏ်ရာရရှိထားခြင်းမျိုး မတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ […]


