ကော့သောင်းမှ ထိုင်းသို့ တရားမဝင်လာသော မြန်မာ ၁၃ဦး ဖမ်းဆီးခံရ၊ ကလေးငယ်လေးဦးပါဝင်
diz_admin
September 3, 2022ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ကလေးသူငယ်များ အပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ယနေ့ (စက်တင်ဘာ ၃) ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။ ယနေ့နံနက် ၁နာရီခန့်တွင် ရနောင်းခရိုင် စုက်စမ်ရန်ဒေသတွင် တရားမဝင်အလုပ်သမားများ တင်ဆောင်လာသည်ဟု ယူဆရသော ကားတစ်စီးသည် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းပြီး မောင်းနှင်သွားခဲ့ကြောင်း ဖော်ပြသည်။ မသင်္ကာသဖြင့် စစ်ဆေးရေးဂိတ်ရဲတပ်ဖွဲ့များနှင့်အတူ ပစ်ကပ်ကားကို ပူးပေါင်းဖမ်းဆီးရာမှ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် နို့စို့အရွယ်ကလေးအပါအဝင် ကလေး လေးဦး စုစုပေါင်း ၁၃ ဦး ပါဝင်ပြီး ကားသမားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားများသည် […]