ထိုင်းတွင် မြန်မာလုပ်သားနှစ်ရာခန့် အလုပ်ထုတ်ခံရမှု ညှိနှိုင်းမှုမပြေလည်သဖြင့် အလုပ်ရှင်ကိုတရားစွဲ
diz_admin
September 10, 2022ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် တရားဝင်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၂၀၀ ခန့် အလုပ်ထုတ်ခံရမှုကို ညှိနှိုင်းရာ မပြေလည်သဖြင့် အလုပ်ရှင်ကို တရားစွဲလိုက်ပြီဖြစ်ကြောင်း အလုပ်သမား များနှင့် အဆိုပါအလုပ်သမားများ ကူညီဆောင်ရွက်နေသည့်အဖွဲ့ထံမှ သိရသည်။ နခွန်ပထုန်ခရိုင် အုန်းရိုင်ရှိ Big C ကုန်တိုက်အနီးတွင်ရှိသော Sukboontip Co., Ltd အထည်ချုပ်စက်ရုံတွင် တရားဝင် လုပ်ကိုင်သည် မြန်မာအလုပ်သမားများကို စက်တင်ဘာလ ၅ရက်က လစာထုတ်ပေးပြီးနောက် အလုပ်ထုတ်လိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။ MoU စနစ်ဖြင့် တရားဝင်လာရောက်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ရန်အတွင် စက်ရုံတွင် လုပ်သက်ကြာနေပြီဖြစ်သည့် မြန်မာအလုပ်သမားများကို အလုပ်ထုတ်ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ “MOU တွေ နောက်ထပ်လာမယ်ကြားလို့ ထုတ်တယ်ပြောတယ်။ စက်ရုံက အရှုံးပေါ်လို့ဆိုပြီးလည်း ပြောတယ်။ သူတို့ဘက်က […]