အကြွေးဆပ်ရန် ရွှေဆိုင်ဝင်လုသည့် မြန်မာလုပ်သား ထိုင်းရဲချုပ်အိမ် ဝင်ပုန်းရာမှ အဖမ်းခံရ
diz_admin
December 25, 2022ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဘတ် ၁ သိန်းခွဲတန်ဖိုးရှိ ရွှေထည်များ လုယူထွက်ပြေးသည့် မြန်မာလုပ်သားမှာ ထိုင်းရဲချုပ်တစ်ဦး၏ နေအိမ်ထဲ ဝင်ပုန်းမိသဖြင့် အဖမ်းခံလိုက်ရကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့က ရွှေဆိုင်ဝင်လုရာမှ ဖမ်းဆီးခံရသူမှာ အသက် ၃၀ နှစ်အရွယ် မောင်သက်ဦးဖြစ်သည်။ ၎င်းမှာအထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်ပြီး အကြွေးတင်နေသဖြင့် စိတ်ဖိစီးကာ ရွှေခိုးဖို့ ကြံစည်ခဲ့မိသည်ဟု ဝန်ခံခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။ ၎င်း၏ဝင်ငွေမှာ ထိုင်းနိုင်ငံ၏ အခြေခံလစာအောက် လျော့နည်းသော တစ်လ ဘတ် ၅၀၀၀ သာရရှိနေခဲ့ပြီး မိသားစုဆီသို့ ထောက်ပံ့နိုင်ရန် ငွေတိုးချေးသမားထံမှ ဘတ် ၇၀၀၀၀ ကိုချေးယူခဲ့ကာ တစ်လလျှင် ဘတ် ၃၀၀၀ ပုံမှန်ပြန်ဆပ်နေခဲ့ရသူ တစ်ဦးဖြစ်ကြောင်း အဆိုပါသတင်းတွင် ရေးသားထားသည်။ ထိုင်းနိုင်ငံ၏ […]