တနင်္သာရီတိုင်းက စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဘောလုံးပွဲ ဖူးခက်တွင် ကျင်းပမည်
Dawei Watch
September 1, 2023တနင်္သာရီတိုင်းအတွက် လူသားချင်းစာနာကူညီစောင့်ရှောက်ရေး ရန်ပုံငွေဘောလုံးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့၌ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် တနင်္သာရီတိုင်း၊ တိုင်းလူငယ်ကွန်ရက်ထံမှ သိရသည်။ တိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ဒေသအတွင်း အခက်အခဲဖြစ်နေသော အဖွဲ့အစည်းများကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်၍ ဖူးခက်မြို့ရှိ စမ်းကော်ဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ခံတစ်ဦးက ပြောသည်။ “ပြည်တွင်းမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို ကူညီနိုင်ဖို့ တစ်ထောင့်တစ်နေရာကနေ ကျွန်တော်တို့ တတ်စွမ်းသမျှ ပါဝင်မယ်ပေါ့ဗျာ” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယမန်နှစ်က စူရတ်ဌာနမြို့တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဖူးခက်မြို့၌ ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပါဝင်ယှဉ်ပြိုင်မည့် အသင်းများသည် အသင်းဝင်ကြေးအနေဖြင့် ဘတ် ၄၅၀၀ ဖြင့် သတ်မှတ်ထားပြီး စက်တင်ဘာလ ၁၃ […]


