ချင်းမိုင်တွင် အုပ်စုဖွဲ့ရန်ဖြစ်မှု မြန်မာလုပ်သားခြောက်ဦး ဖမ်းဆီးခံရ
Dawei Watch
October 11, 2023ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆိုင်ကယ်စီး ဓားကိုင်ပြီးအုပ်စုဖွဲ့ရန်ဖြစ်သဖြင့် မြန်မာအလုပ်သမားခြောက်ဦး အောက်တိုဘာလ ၁ဝရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အခင်းဖြစ်နေရာက ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာ CCTV မှတ်တမ်းများကို စစ်ဆေးကာ အသက် ၁၈၊ ၁၉ နှစ်အရွယ် မြန်မာလူငယ်ခြောက်ဦးကို ၎င်းတို့လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ဝင်ရောက်ရှာဖွေဖမ်ဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာလူငယ်တစ်စုနှင့် နောက်ထပ် လူအုပ်စုတစ်ခု (ထိုင်းသတင်းများတွင် မည်သူမည်ဝါတို့ ပါဝင်သည်ကို မဖော်ပြ) တို့ အောက်တိုဘာလ ၆ ရက် ည ၁၁ နာရီတွင် ချင်းမိုင်မြို့ စမ်ကန်ဖင့်ဒေသတွင် ရန်ဖြစ်ကြခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဓားများကိုင်ဆောင်ကာ ဆိုင်ကယ်စီး၍ တစ်ဖက်နှင့် တစ်ဖက် ရန်ဖြစ်နေကြပြီး စုံစမ်းမှုအရ တစ်ဖက်နှင့် တစ်ဖက် ချိန်းဆို၍ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောဆိုချက်ကို […]


