ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ကော့သောင်းမှ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၈ ဦး ရနောင်းတွင် ဖမ်းဆီးခံရ

Dawei Watch

November 21, 2023

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၈ ဦးကို နိုဝင်ဘာ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ဖမ်းမိခဲ့ကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ယနေ့ထုတ်ပြန်သည်။ ရနောင်းခရိုင် ကရဘူရီဒေသရှိ ဆီအုန်းခြံထဲတွင် ပုန်းခိုနေသော မြန်မာအလုပ်သမား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးကို ထိုင်းတပ်မတော်က ကင်းလှည့်ရင်း ချောင်းမြောင်းဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည် ရန်ကုန်မှတစ်ဆင့် ကော့သောင်းခရိုင် ခမောက်ကြီးသို့ ရောက်လာခဲ့ကြပြီး ယင်းမှတစ်ဆင့် လှေဖြင့် ကရဘူရီမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း ဖြေကြားချက်ကို ဖော်ပြထားသည်။ ထိုင်းနိုင်ငံ ကရဘူရီဒေသသို့ ရောက်ရှိသောအခါ ကြိုစောင့်နေသော ထိုင်းနိုင်ငံသားများက မြန်မာအလုပ်သမားများကို ဆီအုန်းခြံတစ်ခြံတွင် စောင့်ဆိုင်းနေစေခဲ့ကြောင်း၊ […]

ထိုင်းတောင်ပိုင်းတွင် ပုလောသူတစ်ဦး ကားတိုက်ခံရပြီး အလောင်းစွန့်ပစ်ခံရ

Dawei Watch

November 18, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တနင်္သာရီတိုင်းဒေသခံ ပုလောသူတစ်ဦး ဆိုင်ကယ်စီးလာစဉ် ကားတိုက်ခံရပြီးနောက် အလောင်းစွန့်ပစ်ခံရကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ် မသီသီညို အမည်ရှိသူဖြစ်ပြီး တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် မင်းထိန်ရွာဇာတိဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ယောက်ျားဖြစ်သူနှင့်အတူ အလုပ်မှအပြန် ဆိုင်ကယ်စီးလာစဉ် ဝမ်ဖိုင်ဒေသအရောက်တွင် တိုယိုတာ ဟိုင်းလတ်ကားတစ်စီးက အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ဟိုင်းလတ်ကားက အရှိန်ဖြင့် ဝင်တိုက်ခဲ့မှုကြောင့် ယောက်ျားဖြစ်သူနှင့်အတူ ဆိုင်ကယ်ပါ လွင့်ထွက်သွားခဲ့ပြီး ဇနီးဖြစ်သူက ကားအောက်ပိုင်းတွင် ငြိ၍ ကားနှင့်အတူ ပါသွားခဲ့ကြောင်း သိရသည်။ ကားသမားက ကားတိုက်မှုဖြစ်ခဲ့သော်လည်း လုံးဝ ဆင်းမကြည့်ခဲ့ဘဲ ဆက်တိုက်မောင်းပြေးခဲ့သဖြင့် ယောက်ျားဖြစ်သူနှင့် အနီးရှိ လူများက ညလုံးပေါက် […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ခေါင်းကို စက်ညှပ်မိရာမှ သေဆုံး

Dawei Watch

November 16, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ပထုံခရိုင်ရှိ ပလတ်စတစ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် စက်ချို့ယွင်းမှုရှိသဖြင့် ခေါင်းငုံ့ကြည့်ရာမှ စက်ညှပ်သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် နခွန်ပထုံခရိုင် ဘန့်လေးဒေသရှိ ပလပ်စတစ်ဖိသောစက်တွင် ခေါင်းညှပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် ကိုရန်အောင်ဇော်အမည်ရှိသူဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် ဆရာဝန်များ ရောက်ရှိလာသောအချိန်တွင် သူအလုပ်လုပ်နေသော စက်ဘေးတွင် သေဆုံးနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ သေဆုံးသူ၏ ခေါင်းတွင် ပြင်းပြင်းထန်ထန် ထိခိုက်မိထားသော ဒဏ်ရာကို တွေ့ရှိရပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးနိုင်ရန်အတွက် ကိုရန်အောင်ဇော်၏ အလောင်းကို နခွန်ပထုံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။  သေဆုံးသူသည် ပုံမှန်အတိုင်း အလုပ်ကိုလာရောက်ခဲ့ပြီး သူလုပ်ကိုင်နေသော စက်ချို့ယွင်းသွားသဖြင့် ခေါင်းငုံ့ကြည့်ချိန်တွင် စက်ပြန်လည်ပတ်သွားသဖြင့် ခေါင်းကိုညှပ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းမှုရလဒ် […]

CI စာအုပ်ပျောက်ဆုံးသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်

Dawei Watch

November 15, 2023

ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ပျောက်ဆုံးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (PJ- Passport for Job) ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများအနေဖြင့် CI စာအုပ်ပျောက်ဆုံးသွားသဖြင့် အခက်အခဲမဖြစ်ပေါ်ရန်နှင့် အထောက်အထားခိုင်လုံစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် (PJ) စာအုပ်ကို စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ နိုင်ငံကူးလက်မှတ်လျှောက်ထားရန်အတွက် CI စာအုပ်မိတ္တူ၊ ထိုင်းရဲစခန်းမှ CI စာအုပ်ပျောက်ဆုံးကြောင်း ဘာသာပြန်ထားသော ထောက်ခံစာ၊ သံရုံးထောက်ခံစာ၊ work permit ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား (မူရင်း)နှင့် အိမ်ထောင်စုမိတ္တူများ လိုအပ်မည်ဖြစ်သည်။ အဆိုပါစာရွက်စာတမ်းများနှင့်အတူ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ သာမာန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ် ယာယီအချက်အလက်ကောက်ယူရေးစင်တာ (TDCC) ရုံးသို့ နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။  CI စာအုပ်ပျောက်သူများသည် နိုင်ငံကူးလက်မှတ် (PJ) လျှောက်ထားရာတွင် ယခင်က နိုင်ငံကူးလက်မှတ် မလျှောက်ထားဖူးသူ ဖြစ်ရမည်ဖြစ်ကြောင်း မဟာချိုင် TDCC ရုံးက […]

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး သတ်သေ

Dawei Watch

November 14, 2023

 မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး နိုဝင်ဘာလ ၁၂ ရက်နေ့က ကြိုးဆွဲချသတ်သေသွားကြောင်း အဆိုပါနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။ စယ်လန်းကောပြည်နယ် ရာဝမ်းမြို့တွင်နေထိုင်သော မြန်မာအလုပ်သမား ကိုနေရှိုင်းသည် ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် တစ်ဦးတည်းရှိနေချိန် သတ်သေသွားခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ၎င်းသည် အသက် ၂၃ နှစ်အရွယ်ရှိပြီး မန္တလေးတိုင်း မြင်းခြံမြို့နယ် တောင်ကျွန်းရွာဇာတိဖြစ်သည်။ ကိုနေရှိုင်းသည် မြန်မာနိုင်ငံရှိ ချစ်သူနှင့် ဖုန်းဆက်စဉ် စကားများနေသည်ကို သူငယ်ချင်းဖြစ်သူက ကြားခဲ့ရပြီးနောက် ညစာအတွက် ဈေးဝယ်ရာကအပြန်တွင် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရကြောင်း အထက်ပါအသင်းထံမှ သိရသည်။ မွန်းလွဲ ၂ နာရီခွဲအချိန်အထိ မက်ဆေ့ဂျာကဆင့် စကားပြောနေခဲ့ပြီး နှစ်ဦးကြား စကားများရန်ဖြစ်မှု ကြီးကြီးမားမားမရှိခဲ့ကြောင်း ကိုနေရှိုင်း၏ချစ်သူက ပြောသည်။  “သူအရမ်းမူးနေတာ။ သူနဲ့ စကားများစရာ ဘာမှမရှိဘူး။ သူလည်းစိတ်ညစ် ကျွန်တော်လည်းစိတ်ညစ်နဲ့ […]

ထိုင်းတွင် မြန်မာလုပ်သား ၁၈၀ ကျော် အလုပ်ထုတ်ခံရသဖြင့် နေရေးစားရေး ခက်ခဲနေ

Dawei Watch

November 13, 2023

ထိုင်းနိုင်ငံ လယောင်းခရိုင်တွင် လုပ်အားခမရရှိဘဲ အလုပ်မှ အထုတ်ခံထားရသော မြန်မာအလုပ်သမား ၁၈၀ ကျော်သည် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း ထိုင်းသတင်းဌာနများနှင့် ကူညီပေးနေသူများထံမှ သိရသည်။ ထိုင်းအလုပ်ရှင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြန်မာအလုပ်သမား ၁၈၀ ကျော်ကို ကြိုတင်ကြောင်းကြားခြင်းမရှိ လုပ်အားခလည်း မထုတ်ပေးဘဲ နှစ်လအကြာတွင် အလုပ်မှ ထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းနောက် အလုပ်သမားများကို နေထိုင်ရာ နေရာများမှလည်း နှင်ထုတ်လိုက်ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။ အလုပ်သမားများမှာ လုပ်အားခ ၂ လစာမရသည့်အပြင် နေထိုင်သည့်အခန်းကပါ နှင်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲများစွာ ဖြစ်ပေါ်နေသည်ကို သိရှိရသဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကွင်းဆင်းကူညီခဲ့ကြောင်း ဖော်ပြထားသည်။ အလုပ်သမားများ၏ လုပ်အားခ အားလုံးပေါင်းလိုက်ပါက ဘတ် ၃ […]

ရှမ်းမြောက်မှာ ဘာတွေဖြစ်နေလဲ

Dawei Watch

November 13, 2023

တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စုပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက နိုင်ငံအနှံ့ ဖြစ်ပေါ်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေကလည်း အရှိန်ကောင်းနေပါပြီ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA၊ ရခိုင်တပ် AA တို့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တာပါတယ်။ ဒီစစ်ဆင်ရေး အခြေအနေတွေကို ဖော်ပြလိုက်ပါတယ်။

မဲဆောက်ရန်ပွဲတွင် မြန်မာလူငယ်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

November 11, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် ဆယ်ကျော်သက်အချင်းချင်းဖြစ်သော ရန်ပွဲအတွင်း မြန်မာဆယ်ကျော်သက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။  ရန်ပွဲသည် မဲဆောက်မြို့ မယ်ပရွာသို့ သွားသော လမ်းရှိ ဘုန်းကြီးကျောင်းရှေ့တွင် မနေ့ ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  သေဆုံးခဲ့သူသည် အသက် ၁၇ နှစ်အရွယ် ဟိန်းသူအောင် အမည်ရှိသော မြန်မာတစ်ဦးဖြစ်ပြီး ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။ သေနတ်ဒဏ်ရာဖြင့် လမ်းဘေးတွင် လဲနေသော ဟိန်းသူအောင်ကို မဲဆောက်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ထမ်းများက ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုနှင့် သွေးထွက်လွန်မှုကြောင့် သေဆုံးသွားခဲ့ဟုဆိုသည်။  မဲဆောက်ရဲတပ်ဖွဲ့များက အခင်းဖြစ်ပွားရာနေရာတွင် ရှာဖွေရာ ကျည်ဆန်အခွံကို မတွေ့ရသော်လည်း အသက် ၁၆ နှစ်အရွယ် မျက်မြင်သက်သေဖြစ်သော မြန်မာဆယ်ကျော်သက်အမျိုးသမီး ၃ ဦးကို ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ကြောင်း […]