ဇူလိုင်လ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch
July 16, 2024Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – လောင်းလုံးကို စစ်အင်အားထပ်ဖြည့်လာတာကြောင့် တိုက်ပွဲဖြစ်မှာကိုဒေသခံတွေ စိုးရိမ်နေကြတဲ့အခြေအနေ – တနင်္သာရီမြို့နယ်မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးတဲ့သတင်း – မွန်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ကပစ်သ တ်လိုက်တာ – ထိုင်းကို နွားတွေခိုးသယ်တဲ့ မြန်မာတွေ အဖမ်းခံရတဲ့သတင်း – ထိုင်းနိုင်ငံက လုပ်ငန်းခွင်ထဲ မြန်မာရှစ်သောင်းကျော် စစ်ဆေးခံရပြီး ငါးရာနီးပါး အဖမ်းခံရတဲ့အခြေအနေ – ဒီအပတ်အာဂျင်းတီးနားနဲ့ကိုလံဘီယာအသင်းတို့ ကစားသွားတဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။


