ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ် (နိုဝင်ဘာလ ၁၄ )

diz_admin

November 14, 2022

Dawei Watch ရဲ့ ‘တနင်္သာရီသတင်း’ အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။ ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။

“ဂျာမနီ ချီတက်ရမယ့် ချန်ပီယံခရီးလမ်းကြမ်း”

diz_admin

November 14, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၂) ကမ္ဘာ့ဖလားပြိုင်ပွဲကာလကိုရောက်လို့ ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေကို စာရင်းပြုစုပြီဆိုရင် ဂျာမနီကို ဘယ်တော့မှ ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ရှိချန်ပီယံအဖြစ်နဲ့ ဂျာမနီ ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ကျောခိုင်းလှည့်ပြန်ခဲ့ရလို့ ဂျာမနီ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။ ဒီတစ်ကြိမ် အာရှမြေက ကမ္ဘာ့ဖလားပြိုင်ပွဲဆီကို ဂျာမနီက အရှိန်အဟုန်ကောင်းကောင်းနဲ့ ရောက်ရှိလာခဲ့ပါပြီ။ ဂျာမနီနည်းပြသစ်အဖြစ် ဟန်ဆီဖလစ်ခ်ကို မြင်တွေ့ရမှာဖြစ်သလို သူစုဖွဲ့ထားတဲ့ ဂျာမနီမျိုးဆက်သစ် လူငယ်အင်အားစုရဲ့အစွမ်းအစတွေကိုလည်း စောင့်ကြည့်ကြရမှာပါ။ ၂၀၀၂ ခုနှစ်တုန်းက အာရှမြေမှာ ပထမဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီက ဖိုင်နယ်အထိ တက်ရောက်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာ အဲ့ဒီကံကောင်းမှုကို အာရှမြေထက်မှာ ဂျာမနီ ပြန်လည်ရှာဖွေနိုင်လေမလားဆိုတာက ရင်ခုန်ချင်စရာပါပဲ။ ဂျာမနီဟာ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို လေးကြိမ် ဆွတ်ခူးရရှိခဲ့တဲ့အသင်းပါ။ ကာတာမြေမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းတွေထဲက ဂျာမနီအသင်းအကြောင်းကို Dawei […]

မြိတ်က ငါးအမှုန့်ကြိတ်စက်ရုံကန်ထဲမှာ လူ ၃ ယောက်သေဆုံးသွားတဲ့ ဖြစ်ရပ်

diz_admin

November 14, 2022

မြိတ်မြို့က ငါးအမှုန့်ကြိတ်စက်ရုံကန်ထဲမှာ လူ အချို့မူးလဲကျပြီး ၃ ယောက်သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ ငါးကန်အတွင်းမှာ ဆင်းပြီးသန့်ရှင်းရေး လုပ်ရာကနေ လဲကျသေဆုံး ကုန်တာပါ။ ဒီအကြောင်းအပြည့်အစုံကို တင်ဆက်ထားပါတယ်။

“အာရှမြေမှာ ဘရာဇီးပဲ နောက်တစ်ကြိမ် ချန်ပီယံဖြစ်ခွင့် ရသွားလေမလား”

diz_admin

November 14, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၁) ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်မယ့်အချိန် နီးကပ်လို့ လာခဲ့ပါပြီ။ ပြိုင်ပွဲဝင် အသင်းအရေအတွက် ၃၂ သင်းစနစ်ကို နောက်ဆုံးအကြိမ်အဖြစ် အသုံးပြုမယ့် ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်အသင်းတွေ ချန်ပီယံဖြစ်နိုင်ခြေ ရှိနေသလဲဆိုတာက ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခုပါပဲ။ Dawei Watch ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအထူးအစီအစဉ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ချန်ပီယံဖြစ်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံး ရွေးချယ်လိုက်တဲ့အသင်းကတော့ ဘရာဇီး ပါပဲ။ ဘရာဇီး ဟာ ကမ္ဘာ့ဖလားချန်ပီယံဆု ငါးကြိမ် ဆွတ်ခူးရရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတလျှောက် အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိအသင်းတွေ ချန်ပီယံမဖြစ်ခဲ့တာ နှစ် ၂၀ ကြာသွားခဲ့ပါပြီ။အာရှမြေက […]

ကာတာကမ္ဘာ့ဖလား အထူးအစီအစဉ်

diz_admin

November 14, 2022

အာရှမှာကျင်းပမယ့် ဒီနှစ် ကာတာကမ္ဘာဖလား ပြိုင်ပွဲဟာ စိတ်ဝင်စားစရာ အချက်တွေနဲ့ ပြည်နေပါတယ်။ အာရှမှာကျင်းပတဲ့ ကမ္ဘာဖလားပွဲတွေဟာဆိုရင် ဥရောပအသင်းတွေ ရုန်းကန်ရလေ့ရှိပါတယ်။ ဒီတော့ ပြိုင်ပွဲတွေက ပိုမိုပြင်းထန်ပြီး အကြိတ်အနယ်ရှိတတ်ကြပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ့် ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ပွဲကြိုသုံးသပ်ချက်တွေ၊ ဗိုလ်စွဲနိုင်တဲ့ အသင်းတွေအကြောင်းကို Dawei Watch မီဒီယာရဲ့ အားကစားကဏ္ဍမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး အထူးအစီအစဉ်အဖြစ် တင်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာဖလားကို အားပေးစောင့်မျှောနေကြတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးသွားမယ့် ဒီအထူးအစီအစဉ်ကို မလွတ်သွားဖို့ Dawei Watch ရဲ့ အောက်ပါချန်နယ်တွေကို Like, Follow & Subscribe လုပ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဘန်ကောက်မှာ အသတ်ခံခဲ့ရတဲ့ ကော့သောင်းသူလေး

diz_admin

November 13, 2022

ဘန်ကောက်က မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ အဆောက်အအုံတစ်ခုမှာ ကော့သောင်းသူ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရပါတယ်။ သူ့မအခန်းအနီးမှာနေတဲ့ အခန်းက မြန်မာအမျိုးသား တစ်ဦးက သူ့ကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို တင်ဆက်ထားပါတယ်။

‘ထားဝယ်လုံချည်အကြောင်း သိသမျှ’

Dawei Watch

November 13, 2022

‘ဓလေ့ သမိုင်း’ အစီအစဉ်တင်ဆက်ဖို့အချိန် ပြန်လည်ကျရောက်လာပါပြီ။ ဒီတစ်ပတ် အစီအစဉ်မှာတော့ ရှေးယခင်ကတည်းက ထားဝယ်လူမျိုးတို့ အမြတ်တနိုး ဝတ်ဆင်ကြတဲ့ ထားဝယ်လုံချည်အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ သမိုင်းအစဉ်အလာကြီးတဲ့ တနင်္သာရီတိုင်းမှာ တန်ဖိုးဖြတ်မရတဲ့ သမိုင်းဖြစ်ရပ်တွေ၊ ရှေးဟောင်း သမိုင်းအထောက်အထားတွေ များစွာရှိနေပါတယ်။ ဒီအစီအစဉ်ကနေ တနင်္သာရီတိုင်းရဲ့ ‘ဓလေ့ သမိုင်း’ တွေကို လူအများသိရှိနိုင်ကြဖို့ ကြိုးစားတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ‌နောက်အပတ်တွေမှာ မြိတ်၊ ကော့သောင်း ဒေသက အကြောင်းတွေကို တင်ဆက်သွားဖို့ စီစဉ်ထားတာဖြစ်လို့ စောင့်မျှော်အားပေးကြစေလိုပါတယ်။ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့တိုင်း ပုံမှတ်တင်ဆက်သွားမှာဖြစ်လို့ တနင်္သာရီတိုင်းရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို လူအများသိရှိစေဖို့ များများမျှဝေ (Share) ပေးကြပါလို့ Dawei Watch ပရိသတ်ကြီးကို အကူအညီတောင်းခံအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်ကောင်းတစ်ခု ဖြစ်လာဖို့လည်း […]

တစ်ပတ်အတွင်း တနင်္သာရီသတင်း (နိုဝင်ဘာလ ၆ ရက်ကနေ ၁၃ ရက်နေ့အထိ)

diz_admin

November 13, 2022

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။