ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါကမ္ဘာတစ်ဝန်း ပလစ်စတစ် အမှိုက် မက်ထရစ်တန် ပေါင်း သန်းနဲ့ ချီ နှစ်စဉ် ထုတ်လွှတ်နေပါတယ်။ ကမ္ဘာကြီးရဲ့ ကြမ်းပြင် ၇၀ ရာခိုင်နှုန်းဟာ သမုဒ္ဒရာကြီး ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဝက်လောက်က ပြန်သုံးနိုင်၊ ဖျက်ဆီးနိုင်၊ အမှိုက်ကျင်းမှာ စွန့်ပစ်နိုင်တာတွေပါ။ ဒါပေမဲ့ အတော်များများက ပင်လယ် သမုဒ္ဒရာထဲ စီးဝင်အဆုံးသတ်သွားကြပါတယ်။
– ပုလောမြို့နယ်ထဲ စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ကန့်သတ်လိုက်တဲ့အကြောင်း – တနင်္သာရီမြို့မှာ ညအချိန် ဝင်ဖမ်းလို့ အရပ်သား ၁၀ကျော်အဖမ်းခံရတဲ့အကြောင်း – ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ရွာသား ၃၀ကျော် အဖမ်းခံထားရတဲ့အခြေအနေ – လောင်းလုံးမှာ ကလေးတွေကို ပုံမှန်ကာကွယ်ဆေး မထိုးပေးတော့ဘဲ ရပ်နားလိုက်တဲ့အကြောင်း – ထားဝယ်တက္ကသိုလ်မှာ ၂နှစ်စာအတွက် ပေါင်းပြီး ဘွဲ့ယူသူ ရာဂဏန်းပဲရှိတဲ့အကြောင်း – ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာတွေဆီက ထိုင်းရဲငွေညှစ်တဲ့အကြောင်း – ရွှေနဲ့ဘတ် ယနေ့ပေါက်ဈေးအကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများတွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များစွာရှိသည်။ ရိုးရာဓလေ့များမှာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး မြတ်နိုးတန်ဖိုးထားဖွယ်များဖြစ်သည်။ သို့သော် မြို့ပြယဉ်ကျေးမှု လွှမ်းမိုးလာသည်နှင့်အမျှ ရိုးရာဓလေ့ အတော်များများမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ မြိတ်ဒေသတွင်လည်း စိတ်ဝင်စားဖွယ် ရိုးရာဓလေ့များစွာရှိပြီး ယင်းဓလေ့များထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ကွမ်းမာအုပ်စောင့် မင်္ဂလာအကြောင်းကို ယခုအပတ် Dawei Watch ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
အာဏာရှင် လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကလည်း နေရာအနှံ့ ဖြစ်ပေါ်နေပြီး တစ်တိုင်းပြည်လုံး အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါပြီ။ အကျပ်အတည်းတွေ မျှော်လင့်ချက်မဲ့မှုတွေ ပဋိပက္ခတွေကြားမှာ စိတ်ထွက်ပေါက်မဲ့နေတဲ့ ပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ အချို့ကတော့ သတ်သေခြင်းသာ ထွက်ပေါက်လို့ ယူဆတဲ့အထိ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။ ဒါတွေကို ဘယ်လိုဖြတ်ကျော်ကြမှာပါလဲ။