ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မှူးတွေ ယိုးဒယားကနေ မြန်မာနိုင်ငံကို ဖာပွန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်စတဲ့ စစ်ကြောင်းကြီး ၄ ကြောင်းခွဲပြီး ဝင်ရောက်ခဲ့ကြပါတယ်။ ဘီအိုင်အေ အဖွဲ့ကော့သောင်း ရောက်စဉ်က အခြေအနေတွေကို သမိုင်းမှတ်တမ်းအဖြစ် ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ဖော်ပြပေးလိုက်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ မတ် ၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch ရဲ့အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ အထူးပွဲကြိုကဏ္ဍအစီအစဉ်ကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဘောလုံးရာသီပြီးဆုံးဖို့ အချိန်ကာလတွေ နီးကပ်လာတာနဲ့အမျှ ပွဲစဉ်တိုင်းဟာ ပြိုင်ဆိုင်မှုတွေ ပိုလို့ပိုလို့ မြင့်တက်လာနေတာကို မြင်တွေ့နေရပါတယ်။ အခုသီတင်းပတ်မှာဆိုရင် ပွဲကြီးပွဲကောင်းတွေ အများအပြား ပါဝင်နေလို့ ပရိသတ်တွေအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်တွေကို ရှုစားရဦးမှာပါပဲ။ ဒီပွဲစဉ်တွေထဲက အကြိတ်အနယ်နဲ့ အကောင်းဆုံးဖြစ်နိုင်မယ့် ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
အခုတစ်ပတ်မှာတော့ Dawei Watch ပရိတ်သတ်တွေအတွက် တစ်ပတ်တာ အားကစားသတင်းတွေထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ် အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့ ဘယ်အသင်း ထိပ်တိုက်တွေ့သွားသလဲ၊ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ကက်စ်မဲရိုးနဲ့ပတ်သက်ပြီး ဘာတွေပြောသွားခဲ့သလဲ၊ ကမ္ဘာကျော်ဂန္ထဝင် ဘယ်ဘောလုံးသမားကြီး ကွယ်လွန်သွားခဲ့သလဲ၊ စီရော်နယ်ကို အားပေးစကားပြောလိုက်တဲ့ ကမ္ဘာကျော်အနုပညာရှင်က ဘယ်သူလဲ၊ ချယ်လ်ဆီးနည်းပြသစ်အဖြစ် ဘယ်သူ့ကို ပြန်မြင်တွေ့ခွင့်ရနိုင်ခြေရှိနေလဲ စတဲ့ သတင်းတွေကို အခုကဏ္ဍမှာ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။