ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

အတိတ်က ရွာဦးကျောင်း

Dawei Watch

February 12, 2023

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကျော် အတိတ်မှာကား ဤသို့မဟုတ်။ ရွာဦးကျောင်းသည် ရွာကလေး၏ အသည်းနှလုံးဖြစ်ခဲ့သည်။ နွေလကာလများသို့ရောက်လျှင် စာသင်ကျောင်းများ ပိတ်ကြရာ ကျွန်တော်သည် ဘုန်းကြီးကျောင်း၌ ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်များသင်ယူခြင်း၊ ဆရာတော်နှင့်တကွ သံဃာတော်များ၏ ဝတ်ဖြည့်ခြင်းဖြင့် အချိန်ကုန်လေ့ရှိသည်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တန်ဖိုးထားမြတ်နိုးဖွယ်ရာ ‘ရွာဦးကျောင်း’ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ)

diz_admin

February 12, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

February 11, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ ရွေးချယ်ခြင်း

diz_admin

February 11, 2023

Dawei Watch ပရိသတ်တွေအတွက် တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်ပွဲစဉ်ကို ရွေးချယ်သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။ အခုတစ်ပတ်မှာဆိုရင် ဥရောပထိပ်သီးလိဂ်တွေတိုင်းမှာ ပွဲစဉ်ကောင်းတွေ အများအပြား ရှိလို့နေပါတယ်။ ရှေ့လာမယ့် ကြားရက်တွေကိုရောက်ရင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကလည်း ပြန်လည်ဝင်ရောက်လာတော့မှာပါ။ ဒါကြောင့် ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ရထားတဲ့အသင်းတွေအနေနဲ့ အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့် လိဂ်ပွဲစဉ်တွေမှာ အသင်းဟန်ချက်ကို ဂရုတစိုက် ထိန်းညှိတာ၊ အဓိက,ကစားသမားတွေ ဒဏ်ရာအနာတရ မဖြစ်ရလေအောင် စောင့်ကြည့်အကဲခတ်တာ၊ တချို့ကစားသမားတွေကို ပွဲချိန်ပြည့် ထုတ်မသုံးဘဲ ချိန်သားကိုက် လူစားလဲပြီး ကြားရက် ဥရောပပွဲတွေအတွက် အနားပေးတာတွေကို ဆောင်ရွက်ရပါတော့မယ်။ အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်ကစားမယ့် ပွံစဉ်တွေအနက်က အကောင်းဆုံးဖြစ်နိုင်မယ့် ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်ပေးလိုက်ပါတယ်။

မန်ယူကို ရောင်းထုတ်မယ့် ဂလေဇာနဲ့ ဖာဂူဆန်

diz_admin

February 11, 2023

မန်ယူကို ဂလေဇာမိသားစုက လက်လွှဲရောင်းချတော့မယ့်သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီတော့ ဒီတစ်ကြိမ်မှာ အသင်းကို ဂလေဇာညီအစ်ကိုတွေ တကယ်ပဲ ရောင်းထုတ်ပေးလိုက်လေတော့မလားဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။