ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ခရွန်ကီများ၊ ရတ်ရှ်ဖို့ဒ်များ၊ လူတွေရဲ့မေ့လွယ်ပျောက်လွယ် သာယာလွယ်စိတ်များ

diz_admin

February 24, 2023

ဘောလုံးပွဲတွေကို ငေးကြည့်ပြီး ယူတတ်မယ်ဆိုရင် ဆင်ခြင်စရာ၊ တွေးဆစရာတွေ အများအပြားကို ရရှိနိုင်ပါတယ်။ ဒီဘက် မော်ဒန်ခေတ် ဘောလုံးလောကထဲမှာဆိုရင် ဘောလုံးပွဲတွေဆီက သင်ယူချင်စရာ တရားသံဝေဂတွေက များမှများပါပဲ။ ဒီနေရာမှာ ထူးခြားလှတဲ့ လူတွေရဲ့မေ့လွယ်ပျောက်လွယ်စိတ်အကြောင်းကို ပြောပြချင်လာမိပါတယ်။ တစ်ချိန်တုန်းက အာဆင်နယ်အသင်း ကျရှုံးတာနဲ့ ခရွန်ကီကို ဆန္ဒပြဖို့၊ ရင့်ရင့်သီးသီး အော်ဟစ်ဆဲဆိုဖို့ အသင့်ဖြစ်နေကြသူတွေဟာ အခုတော့လည်း ဆင်ပျံကြီး၊ ဆင်ပျံကြီးလို့ အော်ရင်း အခြားသောကမ္ဘာတစ်ခုမှာ သာယာနေကြပါပြီ။ တစ်ခါတုန်းက “စီရော်နယ်ဒို ပြန်ရောက်လာပြီကွ”လို့ လက်ခမောင်းခတ်ခဲ့ကြသူတွေဟာလည်း ဒီနေ့ဒီအချိန်မှာတော့ “ရတ်ရှ်ဖို့ဒ်၊ ရတ်ရှ်ဖို့ဒ်”လို့ ကြွေးကြော်ရင်း စီရော်နယ်ဒိုရဲ့လောင်းရိပ်ကြီးရှိနေခဲ့လို့ ရတ်ရှ်ဖို့ဒ်က ပါရမီရှိပါလျက်နဲ့ အစွမ်းမပြနိုင်ခဲ့တာလို့ ဆွေးနွေးခန်းဖွင့်နေကြပါပြီ။ လူ့သဘော လူ့မနောဆိုတာ အဲ့ဒီလို ဆန်းကြယ်ထွေပြားလှပါတယ်။ ဒါကြောင့်လည်း ဒီခေါင်းစဉ်ကို ခရွန်ကီများ၊ ရတ်ရှ်ဖို့ဒ်များ၊ လူတွေရဲ့မေ့လွယ်ပျောက်လွယ် သာယာလွယ်စိတ်များ […]

ထားဝယ်ဒေသရှိ ဂဝံယဉ်ကျေးမှု

Dawei Watch

February 19, 2023

ဂဝံရုပ်ထုတွေ၊ ဂဝံကျောက်ထီးတွေ၊ ဂဝံဆင်းတုတော်တွေ စသဖြင့် တွေ့ရှိရတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ဂဝံယဉ်ကျေးမှုအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။ Dawei Watch မီဒီယာရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ)

diz_admin

February 19, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ———————-

diz_admin

February 18, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။