မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှာ မွေးဖွားခဲ့တဲ့ တီရယ်လ်ထန်ဟာ ဩဂုတ်လ ၁၉ ရက်နေ့ကိုရောက်ရင် စိန်ခေါ်ပွဲစဉ် ထိုးသတ်ပါတော့မယ်။ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြု ထိုးသတ်နေတဲ့ တီရယ်လ်ထန်ဟာ ချင်းတိုင်းရင်းသားဖြစ်ပြီး ချင်းပြည်နယ်မှာပဲ မွေးဖွားခဲ့သူပါ။ တီရယ်လ်ထန် ဟာ One Championship မှာ ရလဒ်တွေ ဆိုးရွားခဲ့ရပြီးတဲ့နောက် သူ့ကို One Championship ဘက်ကနေ စာချုပ်သက်တမ်း မတိုးတော့တဲ့အတွက် လမ်းခွဲခဲ့ရသူပါ။ One Championship ကို ကျောခိုင်းလိုက်ပြီးတဲ့နောက်မှာ LFA နဲ့ ALC ဘက်ကို ပြောင်းလဲဝင်ရောက်လိုက်ပြီး လမ်းကြောင်းမှန်တစ်ခုထက်ဆီကို ပြန်လည် တက်ရောက်နိုင်စေဖို့အတွက် တီရယ်လ်ထန်က ကြိုးစားလို့နေပါတယ်။ အခုဆိုရင် LFA နဲ့ ALC တို့ဘက်မှာ တီရယ်လ်ထန်က နိုင်ပွဲ ၂ ပွဲ ရယူလိုက်နိုင်ပါပြီ။ အခု […]