ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

အခက်အခဲများစွာဖြင့် ကျေးလက်နေ ပြည်သူများ၏ ဆေးကုသခွင့်

Dawei Watch

December 11, 2024

တနင်္သာရီတိုင်းက ကျေးလက်ဒေသတွေမှာ ပြည်သူတွေရဲ့ ဆေးဝါးကုသနိုင်ခွင့်ဟာ နည်းသထက် နည်းလာနေတဲ့ အခြေအနေကို ရင်ဆိုင်နေရပါပြီ။ ကျန်းမာရေး တစ်ခုခုဖြစ်လာရင် ဆေးဝါးကုသနိုင်ဖို့ အခက်အခဲများစွာကို ကျော်ဖြတ်ကြရပါတယ်။

လေဒီဘွိုင်း ပက်ချွန်းပူကို မြန်မာဖိုက်တာကာရီ အနိုင်ထိုးပြလိုက်ပြီ

Dawei Watch

December 11, 2024

လမ်ပီးနီးချန်ပီယံရွှေခါးပတ်လုပွဲမှာ ဒုတိယမြောက်ပွဲစဉ်အဖြစ် ထိုင်းကရင်စပ် လေဒီဘွိုင်း ပက်ချွန်းပူနဲ့ မြန်မာဖိုက်တာ ကာရီ တို့ ထိုးကြတဲ့ပွဲကို လူအများအပြား စိတ်ဝင်စားခဲ့ကြပါတယ်။ ပက်ချွန်းပူ က အနီထောင့်ကနေ ထိုးခဲ့ပြီး ကာရီ ကတော့ အပြာထောင့်က ထိုးခဲ့တာပါ။ ဒီပွဲမှာ သုံးချီပြည့်တဲ့အထိ တစ်ယောက်ကိုတစ်ယောက် အလဲမထိုးနိုင်ခဲ့လို့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်ကို ခံယူလိုက်ရပြီး အမှတ်ပေးဒိုင်လူကြီးတွေက မြန်မာဖိုက်တာ ကာရီ ကို အနိင်ပေးလိုက်ပါတယ်။ သိန်းမင်းကို အနိုင်ရခဲ့တဲ့ ပက်ချွန်းပူ ဟာ ဒီပွဲမှာတော့ မြန်မာဖိုက်တာ ကာရီကို အရှုံးပေးသွားခဲ့ရပါတယ်။

အာရှဖလားခြေစစ်ပွဲ မြန်မာကို တူရာတူရာ စုပေးလိုက်လေသလား

Dawei Watch

December 11, 2024

၂၀၂၇ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုတွေ ထွက်လာတယ်။ မြန်မာကလည်း တကယ့်ကို ဇာတာပါပဲ။ ခြေစစ်ပွဲအုပ်စု မဲခွဲသူတွေဟာ မြန်မာကို တူရာတူရာ စုပေးလေသလားတောင် ထင်မှတ်ရပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားတော့လည်း ဂျပန်ကလွဲရင် မြန်မာ ရင်ဆိုင်ခဲ့ရတာက ဆီးရီးယားနဲ့ မြောက်ကိုရီးယား ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စုမဲခွဲတုန်းကတော့ ဆီးရီးယား ဟာ အာဆတ်ဒ်ရဲ့လက်အောက်မှာပါ။ အခုတော့ အနေအထားချင်း ယှဉ်လိုက်ရင် ဆီးရီးယားက သာသွားခဲ့ပါပြီ။ အာဆတ်ဒ် လက်အောက်ကနေ လွတ်မြောက်သွားပြီဆိုတော့ ဘိန်းစားချင်းအတူတူမှာ ဆီးရီးယားက တစ်လုံးပိုရှူခွင့် ရသွားတာပါပဲ။ အခုလည်း ၂၀၂၇ ခုနှစ် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုအဆင့်ကို မဲခွဲလိုက်တော့ မြန်မာက ဆီးရီးယားနဲ့ပဲ ပြန်ဆုံပါတယ်။ ထူးခြားတာက မြန်မာနဲ့ ဆီးရီးယားတို့ရဲ့အုပ်စုထဲကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ပါ တွဲထည့်ပေးလိုက်တာပါပဲ။

ဒီဇင်ဘာလ ၁၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

December 10, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။