မြန်မာတွေတည်တဲ့ ထိုင်းတောင်ပိုင်းက သံသရာအေးစေတီ ဌာပနာပိတ်
Dawei Watch
March 13, 2025ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခရီခံခရိုင် တောကစ်ကျေးရွာမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ စုပေါင်းပြီး စေတီတော်တစ်ဆူ တည်နေပါတယ်။ မြန်မာနိုင်ငံသားတွေဟာ မအေးချမ်းတဲ့ နေရာမှာပဲ ရောက်နေတဲ့အတွက် ‘သံသရာအေး’ အမည်နဲ့ ရွှေတိဂုံစေတီတော်ပုံတူ တည်နေတာဖြစ်တယ်လို့ ဆိုပါတယ်။


