ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီအပါအဝင် တိုင်းနှင့် ပြည်နယ်ခြောက်ခုတွင် မိုးကြီးမည်

Dawei Watch

August 25, 2025

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်းကြောင့် တနင်္သာရီ၊ ပဲခူး ၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နှင့် မွန်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ်လ ၂၅ ရက် နံနက်တွင် ထုတ်ပြန်သည်။ “ကဂျိကိ” (Kajiki) ဟုအမည်ပေးထားသည့် တိုင်ဖွန်းမုန်တိုင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး နောက် ၁၂နာရီအတွင်း ဗီယက်နမ်နိုင်ငံ အထက်ပိုင်း၊ နောက် ၂၄ နာရီအတွင်း လာအိုနိုင်ငံအထက်ပိုင်းဒေသများကို ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်ထားသည်။ မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်ခြောက်ခုတွင် မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ်နှင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်ထားသည်။ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ […]

မြဝတီ-မဲဆောက် အမှတ် ၂ တံတားပေါ်က ကုန်စည်တင်သွင်းခွင့် စစ်ကော်မရှင်ပိတ်

Dawei Watch

August 18, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ အမှတ် ၂ ကုန်သွယ်ရေးတံတားကို ဖြတ်သန်းပြီး ကုန်တင်ကားများဖြင့် ကုန်စည် တင်သွင်းခွင့်ကို စစ်ကော်မရှင်က ယနေ့ ဩဂုတ်လ ၁၈ ရက်မှစ၍ ပိတ်လိုက်ကြောင်း ထိုင်းသတင်းဌာနနှင့် ကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။ မြန်မာစစ်ကော်မရှင်ဘက်က ထိုင်းနယ်စပ်ဂိတ်ဘက်သို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ယင်းသို့ ပိတ်လိုက်သဖြင့် မဲဆောက်ဘက်တွင် ကုန်ပစ္စည်းတင်ဆောင်ထားသော ကွန်တိန်နာယာဉ်များ ပိတ်မိနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အထူးသဖြင့် မဲဆောက်-မြဝတီ အမှတ် ၂ တံတားမှတစ်ဆင့် ဝင်ရောက်မည့် ကွန်တိန်နာ ကုန်တင်ယာဉ်များအားလုံးကို မြန်မာစစ်ကော်မရှင်ဘက်က ဝင်ခွင့်ပိတ်ထားခြင်းဖြစ်ကြောင်း မဲဆောက်-မြဝတီ ကုန်စည်ပို့ဆောင်နေသူတစ်ဦးက ပြောသည်။ “အဓိက ကွန်တိန်နာတွေ ဝင်လို့မရနေတာ။ အဓိက တရုတ်တို့၊ ဂျပန်တို့ဘက်က တစ်ဆင့်ခံ Transit လုပ်တဲ့ကားတွေ အကုန်လုံး ပေးမဝင်တာ။ တစ်နိုင်တစ်ပိုင်တွေတော့ ပေးဝင်နေတယ်” […]

နတ်အိမ်တောင်လမ်းပိုင်းတွင် ဖမ်းမိသည့် MOGE မှ အင်ဂျင်နီယာကို KNLA ထိန်းသိမ်းထားဟုဆို

Dawei Watch

August 14, 2025

နတ်အိမ်တောင်စခန်းသွားသည့် လမ်းပိုင်းတွင် စစ်ကော်မရှင်ကို နိုင်ငံခြားငွေရှာပေးနေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ အင်ဂျင်နီယာတစ်ဦးကို ဖမ်းမိခဲ့သဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၂၇ က ထိန်းသိမ်းထားကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။ ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သည့် PTTEP မှကုမ္ပဏီဝန်ထမ်းများနှင့်အတူ လိုက်ပါလာသည့် အင်ဂျင်နီယာ ဦးသိန်းထွန်းကို မိကျောင်းလှောင်နှင့်နတ်အိမ်တောင်သွားသည့်လမ်းတွင်ဩဂုတ်လ ၁၃ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဦးသိန်းထွန်းမှာ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း-MOGE လက်အောက်က အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ဓာတ်ငွေ့တိုင်းတာရေးစခန်းကို တာဝန်အချိန်းအပြောင်း ကိစ္စဖြင့်သွားစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမှူးဂေက ပြောသည်။ “ကျန်တဲ့သူတွေကတော့ သက်သေမျက်မြင်နဲ့ (PTTEP) ဝန်ထမ်းကဒ်ပြား သူတို့ပါထားတာကိုး သူကတစ်ယောက်တည်းပဲ သူများကြားမှာထည့်ထားပြီးတော့ ကူလီဟန်ဆောင်နဲ့ပေါ့ […]

နတ်အိမ်တောင် ပွိုင့် ၁၅၀၀ အမြောက်ကုန်းစခန်းက စစ်အာဏာရှင်တပ်သားတစ်ဦး KNU ထံ ဘက်ပြောင်း

Dawei Watch

August 10, 2025

ရေဖြူမြို့နယ် ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင်ဒေသရှိ ပွိုင့် ၁၅၀၀ အမြောက်ကုန်းစခန်းက အသက် ၂၅ နှစ်အရွယ် စစ်အာဏာရှင်တပ်သားတစ်ဦးသည် သြဂုတ်လ ၉ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ထံ ဘက်ပြောင်းခိုလှုံလာကြောင်း KNU က သတင်းထုတ်ပြန်သည်။ ဘက်ပြောင်းခိုလှုံလာသူမှာ နတ်အိမ်တောင်ဒေသတွင် ရှေ့တန်းတာဝန်ကျနေသည့် လောင်းလုံးမြို့နယ်အခြေစိုက် စစ်အာဏာရှင်တပ်၏ ခလရ ၁၀၄ တပ်ရင်းက တပ်သား မင်းထက်နိုင်ဖြစ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးလာကာ KNU တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ ထံသို့ ဘက်ပြောင်းခဲ့ကြောင်း KNU ထံမှ သိရသည်။ ပြီးခဲ့သည့်လက ဘက်ပြောင်းခိုလှုံခဲ့သည့် ဗိုလ်ကြီးတစ်ဦး၏ ချိတ်ဆက်ပေးမှုဖြင့် ထွက်ပြေးခိုလာလှုံလာခြင်းဖြစ်ကြောင်း ကာယကံရှင်တပ်သား၏ ပြောကြားချက်ကို ကိုးကား၍ KNU မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး […]

မေတ္တာ-ထီးခီးလမ်းမှာ ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA တပ်ဖွဲ့က KNLA ကို ခြုံခိုတိုက်ခိုက်

Dawei Watch

August 7, 2025

ကော်သူးလေတပ်မှ ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ဖွဲ့ဝင်များကို မေတ္တာ-ထီးခီးလမ်းတွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU မြိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ ၆ ရက်က သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက် နံနက် ၁၀ နာရီတွင် မေတ္တာမြို့အနီးတဝိုက်မှာ လုံခြုံရေးယူရန် KNLA တပ်သားများက သွားလာနေစဉ် ဗိုလ်အယ်ခွီး(ခ)ကော်လာဖိုး ဦးဆောင်သည့် KTLA ဆာကဆောတပ်မက ဆင်ဖြူတိုင်ရွာအနီးက ဘုန်းကြီးကျောင်းအနီးတွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး KNLA တပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ(၄) ထံကသိရသည်။ KNU/KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူ ထိန်းချုပ်ထားပြီးနောက် ထီးခီးနယ်စပ်ပြန်ရရေးအတွက် စစ်အာဏာရှင်တပ်က မေတ္တာဗျူဟာစခန်းမှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးရန်ပြင်နေသည်။ […]

တနင်္သာရီတိုင်းရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပရန်စီစဉ်နေဟု တိုင်းရွေး/ကော်ဆို

Dawei Watch

August 6, 2025

တနင်္သာရီတိုင်းရှိ မြို့နယ်ဆယ်မြို့နယ်စလုံးတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု စစ်ကော်မရှင် လက်အောက်ရှိ တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံမှသိရသည် ။ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်ကျင်းပသွားရန် လျာထားကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များကို ကိုးကား၍ တိုင်းရွေး/ကော်ကဆိုသည်။ “မြို့နယ်ဆယ်ခုစလုံး ကျင်းပသွားဖို့ရှိပါတယ်။ နေရာအနှံ့ကျင်းပသွားနိုင်ဖို့ ရှိမရှိကတော့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆောင်ရွက်နေဆဲ အခြေအနေပဲ ရှိပါသေးတယ်” ဟု တိုင်းရွေး/ကော် တာဝန်ရှိသူကပြောဆိုသည်။ တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးမှု ရယူထားသော ဒေသအများအပြား ရှိနေပြီး ယင်ဒေသများတွင်ပါ ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်ကော်မရှင်က လုပ်ဆောင်နေကြောင်း သတင်းများလည်းထွက်နေသည်။ လက်ရှိတွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခြင်းသာ ဆောင်ရွက်ရသေးပြီး ရွေးကောက်ပွဲဝင်မည့် ဒေသအလိုက် ပါတီစာရင်းနှင့် ကိုယ်စားလှယ်လောင်းစာရင်း မှတ်ပုံတင် တင်သွင်းရမည့် ကာလကို မသတ်မှတ်ရသေးသဖြင့် […]

အသက်မပြည့်သေးသူနှင့် အသက်ကျော်လွန်သူများပါ စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

July 29, 2025

စစ်ကောင်စီက အသက် ၁၈နှစ် မပြည့်သေးသူနှင့် သတ်မှတ် အသက်ထက် ကျော်လွန်နေသူများကိုပါ စစ်မှုထမ်း စုဆောင်း နေကြောင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်မှုထမ်းသင်တန်းဆင်များ၏ ပြောဆိုချက်ကို အခြေခံကာ တော်လှန်ရေး အင်အားစုများက ထုတ်ပြန်သည်။ ဇူလိုင်လ တတိယပတ်အတွင်း ကလိန်အောင်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၄၀၉ က ထွက်ပြေးကာ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းထံသို့ ဘက်ပြောင်းခိုလှုံသည့် တပ်သားတစ်ဦးမှာ အသက် မပြည့်ဘဲ စစ်မှုထမ်း စုဆောင်းခံရကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။ အဆိုပါ ဘက်ပြောင်းခိုလှုံလာသူကိုယ်တိုင် ပြောဆိုထားသည့် ရုပ်သံမှတ်တမ်းဖြင့်တကွ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ဘက်ပြောင်းခိုလှုံလာသူသည် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ကဖြစ်ပြီး အသက် ၁၆နှစ်တွင် စစ်မှုထမ်းသင်တန်းသားအဖြစ် စုဆောင်းခံရပြီး အပတ်စဉ် ၈တွင် တက်ရောက်ခဲ့ရကြောင်း ရုပ်သံမှတ်တမ်းတွင် ၎င်းက ပြောဆိုထားသည်။ […]

တက္ကသိုလ်ဝင်တန်းအောင်ချက် တနင်္သာရီတိုင်း နံပါတ် ၅ ချိတ်

Dawei Watch

July 27, 2025

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွင် တနင်္သာရီတိုင်းက အောင်ချက်ရာခိုင်နှုန်း ၅၀ ဒသမ ၅၈ ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် ၅ ချိတ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အောင်ချက်အမြင့်ဆုံးမှာ မွန်ပြည်နယ်၊ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး၊ တတိယအများဆုံးမှာ ကယားပြည်နယ်၊ စတုတ္ထအများဆုံးမှာ မကွေးတိုင်းဒေသကြီးဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နံပါတ် ၉ သာချိတ်ခဲ့ပြီး ယခု ၅အထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၄၅၄၁ ဦးရှိသည့်အနက် အောင်မြင်သူ ၂၂၉၇ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ ဘာသာစုံ ဂုဏ်ထူးရှင် ကိုးဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ ၄ ဘာသာ […]