အလုံပိတ်ကားများဖြင့် စစ်အာဏာရှင်တပ်သားများကို မလွှဲတောင်ဘက်သို့ အင်အားဖြည့်နေ
Dawei Watch
September 16, 2025ရေး-ထားဝယ်ကားလမ်းရှိ မလွှဲတောင်အနီးသို့ စစ်အာဏာရှင်တပ်က စစ်အင်အားထပ်ဖြည့်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် မြင်တွေ့ခဲ့သည့် ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် မလွှဲတောင်-ကလိန်အောင်အဆင်းဘက်ခြမ်း၌ ကပ်လျက်တည်ရှိသည့် အလယ်စခန်းရွာအနီးရှိ ကျောက်ကဒင်ရွာသို့ ဆယ့်နှစ်ဘီးတပ်ကား သုံးစီးဖြင့် စစ်အာဏာရှင်တပ်သားများ ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများကပြောသည်။ ” အခုမနက် (စက်တင်ဘာလ ၁၆ ရက်) အထိ ကျောက်ကဒင်မှာ ဆက်ရှိနေသေးတယ်။ ညနေပိုင်းမှာ ကုန်ကားတွေနဲ့အလုံပိတ်ပြီးရောက်လာတာ။ ကားပေါ်ကဆင်းလာမှ စစ်သားတွေမှန်းသိတာ။ ရာဖူး ၊ သာယာမွန် ၊ မိုင် ၆၀ ရွာတွေတော့ လူပြန်နေနေကြတယ်။ အခု ကျောက်ကဒင်တို့ ကျွဲတလင်း(ရွာ)တို့ ကျတော့ထပ်ထွက်ပြေးနေကြတာပေါ့ ” ဟု ယင်းလမ်းပိုင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦး ကပြောသည်။ စစ်အာဏာရှင်တပ်က အင်အားတိုးချဲ့နေသော်လည်း ယနေ့ စက်တင်ဘာလ […]


