ထိုင်း-မြန်မာနယ်စပ်က ကော်သူးလေ လက်နက်စခန်းတစ်ခုကို KNU သိမ်း
Dawei Watch
August 30, 2024ထိုင်း-မြန်မာနယ်စပ်၊ တပ်မဟာ ၄ နယ်မြေ၊ ခဲမခီးရွာအနီးက ကော်သူးလေတပ်(KTLA)၏ လက်နက်စခန်းတစ်ခုကို KNU တပ်မဟာ ၄ က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း နှစ်ဖက်စစ်ရေး သတင်းအရင်းအမြစ်များထံက သိရသည်။ အဆိုပါစခန်းပတ်ပတ်လည်တွင် KNU တပ်မဟာ ၄ က မြေမြှုပ်မိုင်းများထောင်ကာ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီးနောက် အင်အားအလုံးအရင်းဖြင့် စခန်းကိုဝင်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ထံမှသိရသည်။ ဩဂုတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် KNU ကအင်အား ၁၀၀ကျော်ဖြင့် ယင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်အင်အား လူအင်အားမမျှသဖြင့် KTLA တပ်ဖွဲ့က နောက်ဆုတ်ပေးခဲ့ရကြောင်း ကော်သူးလေတပ်မှ ဗိုလ်စလုံးက ပြောသည်။ ဗိုလ်စလုံးမှာ KTLA အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်ပြီး ဧပြီလ ၂၅ ရက်နေ့မှစကာ ရာထူးမှ တစ်နှစ် ယာယီရပ်ဆိုင်းခံထားရ သူဖြစ်သည်။ […]