KNDO တပ်ဖွဲ့ဝင် အသတ်ခံရမှု PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေး
Dawei Watch
December 9, 2024ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ဖွဲ့ဝင် ရဲဘော်မောင်နိုင် အသတ်ခံရမှုနှင့်ပတ်သက်၍ မြိတ်ခရိုင် တပ်ရင်း (၁) က PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star က ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် KNDO တပ်ရင်း (၇) က ရဲဘော်မောင်နိုင်ကို မြိတ်ခရိုင်တပ်ရင်း (၁) ၊ တပ်ခွဲ (၁) မှ ရဲဘော်များက ကိစ္စရှိသည်ဟုဆိုကာ ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သဖြင့် ဖြေရှင်းချက်ပေးရန် KNDO က နိုဝင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ ယခုဖြစ်စဉ်ကို သိရှိသည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကမူ ရဲဘော်မောင်နိုင်အပါအဝင် KNDO တပ်ဖွဲ့ဝင် သုံးဦးသည် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်နှင့်ဆက်သွယ်သည်ဟုဆိုကာ နိုဝင်ဘာလ ၂၄ရက်တွင် […]