စစ်မှုထမ်းသင်တန်းဆင်းသုံးဦး ထားဝယ်နှင့် ရေးတွင် ဘက်ပြောင်းခိုလှုံ
Dawei Watch
June 10, 2025စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်းသုံးဦးသည် ဇွန်လဆန်းတွင် ရေးမြို့နယ်နှင့် ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စစ်မှုထမ်း အပတ်စဥ် ၇ သင်တန်းဆင်း နှစ်ဦးနှင့် အပတ်စဥ် ၈ သင်တန်းဆင်းတစ်ဦးတို့ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ရေးမြို့နယ် အခြေစိုက် ခလရ ၂၉၉ စစ်ကောင်စီတပ်ရင်းတွင် တာဝန်ကျနေသည့် စစ်မှုထမ်း အပတ်စဥ် ၇ သင်တန်းဆင်း ကိုဇေဇေအောင်နှင့် ကိုညီညီသက်တို့သည် ဇွန်လ ၉ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ရေးပြောက်ကျားတပ်ထံသို့ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ရေးပြောက်ကျားတပ်နှင့် ဆက်သွယ်၍ MA သေနတ်တစ်လက်၊ ကျည်ဘောက်လေးခု ယူဆောင်ကာ ထွက်ပြေးခိုလှုံလာကြောင်း ၎င်းက ဆိုသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူများဖြစ်ပြီး ထိုင်းရဲ အဖမ်းခံရ၍ […]


