မြိတ်-ထားဝယ် ခရီးသည်တင်ကားများ ပြေးဆွဲမှုမရှိသေး
Dawei Watch
May 5, 2025အရက်အတန်ကြာပိတ်မိပြီး ဖြတ်သန်းခွင့်မရဘဲဖြစ်နေသည့် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်း ပြန်လည်သွားလာ၍ ရနေပြီဟု ပြောဆိုမှုများရှိသော်လည်း ခရီးသည်တင်ကားများ ပြေးဆွဲခြင်း မရှိသေးကြောင်း ကားဂိတ်အချို့ထံမှ စုံစမ်းသိရှိရသည်။ မြိတ်-ထားဝယ်လမ်းပိုင်း ယနေ့ ပြန်ဖွင့်ပြီဖြစ်ကြောင်း Facebook ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားနေကြသည်။ ယနေ့ မေလ ၅ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် မြိတ်မြို့နှင့် ထားဝယ်မြို့ရှိ ခရီးသည်တင်ကားဂိတ် လေးဂိတ်ကို ဆက်သွယ် မေးမြန်းကြည့်ရာ မြိတ်-ထားဝယ်ခရီးစဉ်အား ပြေးဆွဲခြင်းမရှိသေးဘဲ အခြေအနေစောင့်ကြည့်နေဆဲသာ ဖြစ်ကြောင်း အဆိုပါဂိတ်များထံမှ သိရသည်။ “ကားလမ်းက ဒီနေ့မှ ရုတ်တရက် စဖွင့်တယ်ဆိုပြီးပြောလာကြတော့ မသွားကြသေးဘူး။ အခြားဂိတ်တွေရော မသွားကြ သေးဘူး။ အခြေအနေစောင့်ကြည့်နေကြသေးတယ်” ဟု မြိတ်မြို့ ခရီးသည်တင်ကားဂိတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြိတ်-ထားဝယ်ကားလမ်း ယနေ့ပြန်ဖွင့်သည်ဟု ပြောဆိုမှုများရှိသော်လည်း အတည်မပြုနိုင်သေးသဖြင့် ယနေ့ […]


