The Sheronies of Tavoy – ထားဝယ်နှင်းဆီ
Dawei Watch
July 19, 2024[အခန်း ၈] ၁၈၂၄ မတ်လ ၁၀ ရက်နေ့။ ပီနန်းကျွန်း။ ဂျော့ချ်တောင်းမြို့။ ဗြိတိသျှစစ်ရေးပြကွင်း။ ဘင်ခရာတပ်ဖွဲ့၏ အသံက မိုးခြိမ်းသံအလား။ ဗိုလ်မှူးရေးနိုး ဦးဆောင်သည့် ဗြိတိသျှမြင်းတပ်၊ ခြေလျင်အစောင့်စစ်သည်တပ်များက သေနတ်ကိုယ်စီကိုင်ကာ ညီညီညာညာဖြင့် စစ်ရေးပြနေကြသည်။ ဗြိတိသျှမာလာယုအမြောက်တပ်ရင်းမှလည်း အမြောက်ကြီးများကို ပစ်ဖောက်ကာ အစွမ်းပြကြ၏။ စင်မြင့်ပေါ်တွင် ထိုင်နေသော ထားဝယ်မြို့ဝန် ဦးရွှေလုတ်၊ မလေးရှား၊ ခက်ဒါနယ်၊ စူလတန်စော်ဘွားဟောင်း အာမက်တာဂျူဒင်ဟာလင်ရှား၊ ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးကြီးမိုင်းလ်၊ ဗိုလ်မှူးကြီးဘိရှော့ တို့က စစ်ရေးပြတပ်များအား လက်ခုပ်တီးကာ အားပေးနေကြသည်။ ထိုအချိန်တွင် ထားဝယ်မြို့ဝန်ဦးရွှေလုတ်၏ ကုလားထိုင်အနောက်ဘက်သို့ အတူလိုက်ပါလာသူ စစ်ကဲမောင်ထမ်းပိုးက ဒူးထောက်ထိုင်ချလိုက်၏။ ထို့နောက် ဦးရွှေလုတ်၏ နားနားသို့ ကပ်ကာ တိုးတိုးပြောလိုက်သည်။ ဘင်ခရာသံများ၊ အမြောက်သံများနှင့်မို့ အသံက မကြားရ။ “ကျယ်ကျယ်ပြောစမ်း . […]


