ငတ်ပြ ရဲ့ ကာလ ဒေသ အာဟာရ
Dawei Watch
September 13, 2025‘ငတ်ပြ’ သည် မကြာသေးမီက ထားဝယ်များအကြားရောက်လာ၏။ ထားဝယ်လိုဖြင့် ဆိုထားသော သီချင်းဖြစ်သည်။ သီချင်းသံစဉ်က မြူးကြွလှ၏။ စာသားများကို နက်နက်ရှိုင်းရှိုင်း ခံစားကြည့်၊ စိတ်ကူးကြည့်သောအခါ ထားဝယ်ကိုလွမ်း၍ ဗိုက်ဆာလာလေတော့သည်။ မွေးရပ်မြေသို့ အောက်မေ့တသသော စိတ်သည် ထို ငတ်ပြ သီချင်း၏ မြူးကြွသော ဂီတထံမှ မြစ်ဖျားခံလာရခြင်းမှာ ယင်း၏ စာသားများကြောင့်တည်း။ ငတ်ပြ သီချင်းကို နားထောင်၊ စာသားကို ဖတ်ရှုကြည့်မိလိုက်ရာ ကာလ ဒေသ အာဟာရ ဟူ၍ ခွဲခြမ်း ပြောစရာ သုံးခု ထွက်လာတော့သည်။ သီချင်းသည် မွေးရပ်နှင့် ဝေးနေရသော အခြေအနေ ခေတ်ကာလ ကို ထင်ဟပ်ထားခြင်း၊ ဒေသ အနေအထားအားဖြင့် ပင်လယ်၊ ကမ်းစပ်၊ သဲသောင် များကို ဖော်ညွှန်းထားခြင်းနှင့် ပင်လယ်ကမ်းစပ်နှင့် နီးသော […]


