အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 23, 2022အခန်း(၂၇) အသက်(၆၀)အရွယ်သတို့သားနှင့် အသက် (၄၅) နှစ်အရွယ်အရွယ်သတို့သမီး ။ ထွန်းရင် နှင့် မြနှစ်။ ကြေးမုံက ငွေတစ်သောင်းတိတိထည့်ထားသော မင်္ဂလာလက်ဖွဲ့ထုတ်ကို သတို့သား၏ လက်သို့ အပ်လိုက်သည်။ သတို့သားမှ သတို့သမီးထံလက်လွှဲသည်။ “အကိုကြီးကိုထွန်းရင် တို့ ဘယ်မှာနေကြမယ်စိတ်ကူးလဲ” “မြနှစ်နဲ့အတူ…သူတို့အညာကို ပြန်မယ်ကွာ…ဒီမှာ ငါစုခဲ့ဆောင်းခဲ့တာလေး နဲ့ဆို မြနှစ်လည်း ဟိုမှာ လုပ်တတ်ကိုင်တတ်ပါတယ်.အသက်လည်းကြီးလှပြီ..ငါလည်း မိသားစုဘဝနဲ့ အေးအေးနေတော့မယ်..စိတ်ကူးတယ်” “အင်း..ကောင်းပါတယ်..ဒါနဲ့ ဆရာကြီး ရော” “အပေါ်ထပ်မှာ ရွှေငါးသိန်းမြင့်နဲ့ စကားပြောနေတယ်…မင်းကို စောင့်နေကြတာထင်တယ်” ကြေးမုံက အပေါ်သို့ တက်ရန် ပြင်လိုက်သည်။ “ကြေးမုံ…နေဦး” ထွန်းရင်က ကြေးမုံ လက်ကို ဆွဲလိုက်သည်။ “သတ်လိုက်ကြ သေလိုက်ကြ ဒီသံသရာကြီးထဲက ရုန်းထွက်ဖို့ မင်းအတွက် အချိန်မှီသေးတယ်နော်..ငါရွှေပြည်အေး တရားဟော နေတယ်တော့ မထင်နဲ့.. မင်းအရွယ်တုန်းက […]


