အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 25, 2022အခန်း(၂၉) ဇာတ်သိမ်း “သို့ အထွေထွေအတွင်းရေးမှူးချုပ် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ ပါတီဌာနချုပ်၊ ရန်ကုန်မြို့ အကြောင်းအရာ။ လျှို့ဝှက်စွာ ခေါ်ယူဆွေးနွေးပေးပါရန် ကိစ္စ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးသွေးချောင်းစီးသွားမည့် ကြံဆောင်မှုတစ်ခုရှိနေပါသည်။ ၄င်းကိစ္စအား ပါတီအဆင့်အဆင့် တင်ပြနေခြင်းဖြင့် ရခိုင်လူထုအတွင်း ပေါက်ကြားပြီး ကျွန်တော်၏ မိသားစု လုံခြုံရေးကို စိတ်မချပါသဖြင့် မတင်ပြရဲပါ။ သို့ကြောင့် ကျွန်တော့်အား ပါတီတာဝန်ဖြင့် ပါတီဌာနချုပ်သို့ လျှို့ဝှက်စွာခေါ်ယူတွေ့ဆုံ ဆွေးနွေးပါရန် အစီရင်ခံအပ်ပါသည်။ ပုံ ……………………………….. ၁၀၀၀၉၆၄ ……………………………….. ၁၉၇၄ ဇန်နဝါရီလ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းကို လူထု ထောက်ခံမဲ ၉၀.၁၉ ရာခိုင်နှုန်းဖြင့် အတည် ပြုလိုက်ကြောင်း တရားဝင် ကြေညာခဲ့သည်။ ထို ၁၉၇၄ […]


