သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၈)
diz_admin
December 11, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၇) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၈- (၁) သေလောထာစခန်းမှာကျင်းပတဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲ မာနယ်ပလောအစည်းဝေးခန်းမ ဆွေးနွေးပွဲ ပြီးတဲ့အခါမှာတော့ သဘာပတိအဖြစ် တာဝန်ယူရတဲ့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ဟာ ကိုနိုင်အောင်တို့ ဗဟိုရုံးခွဲမှာ ဆက်တည်းဖို့ မသင့်တော်တဲ့အတွက် ကြားနေရာဖြစ်တဲ့ စော်လဲထာရွာ ဆီပြန်လာပြီး ကိုမြင့်အောင်တို့အိမ်မှာ တည်းလိုက်၊ မယ်စရိယန်းမြို့ပေါ်ကို တက်ပြီး River Side Guest House မှာတည်းရင်း တပ်ရင်းနဲ့ ရနောင်းမြို့ဘက်ဆီ ဆက်သွယ်လိုက်နဲ့ နေခဲ့ပါတယ်။ ၄-ရက်လောက်ကြာတဲ့အခါမှာတော့ စော်လဲထာ အောက်ဖက်နားက သံလွင်မြစ်ဘေးရှိ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်ရှိရာ သေလောထာစခန်းဆီ ကျနော်တို့ဆင်းလာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မာနယ်ပလောနဲ့ ဥသုထာခရီးစဉ်တုန်းက သေလောထာဝန်းကျင်မှာ ကျောင်းသားစခန်းတွေကို မတွေ့ရသေးပေမယ့် […]


