အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 20, 2022အခန်း(၂၅) “ကိုကြေး..လာ..မိတ်ဆက်ပေးရဦးမယ်..ဒါ တက္ကသိုလ်တုန်းက မယု အရမ်းချစ်ရတဲ့ စီနီယာအမ..မနီနီ တဲ့…အခု တောင်ကြီးကောလိပ်မှာ လက်ထောက်ကထိကပေါ့” မျက်ခုံးမျက်ဖန်ကောင်းကောင်း၊ အောက်နှုတ်ခမ်းတွဲတွဲဖြင့် လှပသောအမျိုးသမီးက ကြေးမုံကို ပြုံးပြသည်။ “ဒါကတော့ မနီနီရဲ့..ဟိုဒင်း..” နီနီက ယုယုမော်၏ ပေါင်ကို အသာဆွဲဆိတ်လိုက်သည်။ “မနီနီရဲ့ အခင်မင်ဆုံးမိတ်ဆွေလို့…ဟင်း..ဟင်း..နာမည်က ဖလော်ရင့်မောင်စိန် တဲ့…တောင်ကြီးက ရွှေလိမ္မော်အရက်ဆိုတာ သူတို့ မိသားစုက ထုတ်တာပေါ့” နီနီနှင့်အတူပါလာသော အသားဖြူဖြူအမျိုးသားက ကြေးမုံကို လက်ကမ်းပေးသည်။ ကြေးမုံက လက်ဆွဲနှုတ်ဆက်လိုက်၏။ “ကဲ..စားကြပါဦး..ကျွန်တော်က ခုန အပေါ်မှာ ဧည့်သည်ကို ဧည့်ခံနေလို့ မမယုတို့ ရောက်တာမသိလိုက်တာပါဗျာ..တောင်းပန်ပါတယ်” “ရပါတယ်..ကိုကြေးရဲ့…ဒီမှာ ဒီက ညီမလေးက ဧည့်ခံနေတာပဲဟာ..ရပါတယ်” ယုယုမော်စကားကြောင့် ကြေးမုံက ဘေးနားတွင် ထိုင်နေသော မြိုင်ကို လှမ်းကြည့်လိုက်သည်။ မြိုင်က ကလေးကို ချီပြီး ထ […]