မလေးရှားဝန်ကြီးချုပ်သစ် အစိုးရအသုံးစရိတ်အတည်ပြုနိုင်ရန် ပါလီမန်အတွင်း ရုန်းကန်ရဖွယ်ရှိ
diz_admin
November 25, 2022မလေးရှားဝန်ကြီးချုပ်သစ် အန်နွာအီဘရာဟင် ရာထူးလက်ခံရယူပြီးနောက် ပထမဆုံးဆောင်ရွက်ရန်ရှိသည်မှာ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်အသုံးစရိတ်ကို ပါလီမန်အတွင်း အတည်ပြုနိုင်ရေးဖြစ်ကြောင်း CNA သတင်းဌာနက ဖော်ပြထားသည်။ ယင်းသို့ ဆောင်ရွက်နိုင်မှသာ ၎င်း၏ ရာထူးသက်တမ်း တရားဝင်လာမှုကို ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်း လေ့လာသူများကို ကိုးကားလျက် CNA သတင်းဌာနက ရေးသားသည်။ နိုင်ငံတော် အသုံးစရိတ်ပြဋ္ဌာန်းနိုင်ရေးသည် ပါလီမန်၏ အယုံအကြည် မည်ရွေ့မည်မျှ ရရှိသည်ဆိုခြင်းကို ပြသခြင်း ဖြစ်ကာ၊ အောင်မြင်ခဲ့လျှင် ပြိုင်ဘက်ဖြစ်သူ မူယစ်ဒင်ယက်ဆင်၏ စိန်ခေါ်မှုများကို ကာကွယ်ရာတွင် ပိုမိုထိရောက် လာမည် ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များကြားတွင် အများစုသော ထောက်ခံမှုကို ၎င်းက ရရှိထားကြောင်း ဝန်ကြီးချုပ်ဟောင်း ယက်ဆင်က ယခုအထိ ပြောကြားနေဆဲ ဖြစ်သည်။ ဝန်ကြီးချုပ် အန်နွာအီဘရာဟင်က ကွာလာလမ်ပူရှိ တော်ဝင်နန်းတော်တွင် […]