အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
December 27, 2022Princes in The Darkness 1990s အခန်း(၂) ဗေဒါ က ခေါင်းကို လက်ဖြင့် အုပ်ပြီး ဝိုင်းရိုက်နေသည့်ကြားမှ တိုးထွက်ရန်ပြင်သည်။ ချွဲပြစ်ပြစ်သွေးများ၏ ပူနွေးမှုကို သူ့ခေါင်းနှင့် လက်တွင် ထိတွေ့ခံစားနေရ၏။ ဗေဒါ မျက်လုံးတို့ကို အားယူဖွင့်ကြည့်လိုက်သောအခါ မျက်နှာတစ်ခု။ နဖူးပြောင်ပြောင်၊ မျက်တွင်းမှောင်မှောင်နှင့် သွားများက နီရဲနေသည်။ “ကိုအီဆာကြီးကို ရိုက်ခဲ့တာ..မှတ်မိလား..ဟေ့ကောင်..မင်းတသက်လုံးမှတ်မိနေအောင် အခုလို လာလုပ်ပေးတာ…မင်း လို ခွေးသားပေါက်အဆင့်နဲ့ အီဆာကြီးကို မထိနဲ့” ထို့နောက်…တုတ်ကိုယ်စီ ကိုင်ထားသော သူများက ဗေဒါ့ရှေ့မှ အလျှိုလျှိုပျောက်ကွယ်သွားသည်။ “ဗေဒါ ရရဲ့လား” လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်နေသော သူများက ပြေးထွက်လာပြီး ဆွဲထူကြ၏။ သူတို့က ဗေဒါကို ဝင်ကူချင်ကြသော်လည်း တဖက်က လူအုပ်တောင့်နေသည့်အပြင် နာမည်ကြီးလူမိုက် အီဆာ၏တပည့်များမှန်းသိနေကြသည့်အတွက် ချက်ချင်းဝင်မပါကြခြင်းပင်။ ဗေဒါ […]


