သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၈)
diz_admin
December 1, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၇) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၂၈- (၁) ဘက်မလိုက် ညီညွတ်ရေးအဖွဲ့ ပေါ်လာခြင်း ညီညွတ်ရေးဆိုတဲ့ခေါင်းစဉ်ကို တွေ့ကတည်းက မညီမညွတ်ဖြစ်နေကြပြီဆိုတာကို မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးကို လေ့လာဖူးသူတိုင်း သိပြီးဖြစ်မှာပါ။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း “ငြိမ်းချမ်းစွာ ကွဲပြဲရေးမူ” အရ ၂၀၁ တပ်ရင်း ၃ ခြမ်းကွဲပြီးတဲ့နောက် မူလနေရာမှာ ဆက်နေတဲ့ ကျနော်တို့အုပ်စုဟာ “ဘက်မလိုက် ညီညွတ်ရေးအဖွဲ့” ဆိုတဲ့ခေါင်းစဉ်နဲ့ စခန်းကော်မတီအသစ်ကို ဖွဲ့လိုက်ပါတယ်။ အရင်ကရှိခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စခန်းမှာ ရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့၊ ရှေ့တန်းမှာလည်း ကော်မရှင်တွေဖွဲ့ပြီး ရဲဘော်တွေရဲ့ မဲဆန္ဒတွေကို ခံယူရပါတယ်။ အဲဒီရွေးချယ်မှုအရ ပေါ်လာတဲ့ စခန်းကော်မတီသစ်မှာ ကျနော် (ဝင်းထိန်)က ဥက္ကဋ္ဌ၊ ကိုမျိုးသိန်း (ရှေ့ပိုင်းမှာဖော်ပြခဲ့တဲ့ တပ်ထောက်အရာရှိ၊ အခုကနေဒါ) […]