အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
March 9, 2023Princes in The Darkness 1990s အခန်း(၂၀) ဘဏ်ရှေ့တွင် အလုအယက်တန်းစီနေကြသော လူတန်းကြီးကို မြင်သည့်အခါ ဗေဒါစိတ်ထဲတွင် လိပ်ပြာမလုံတော့။ နောက်မှ သေချာပြန်စဉ်းစားပြီး…ထိုလူများအပြင်.ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သနားလာမိ၏။ အဘယ်ကြောင့်ဆိုသော်..ဗေဒါသည် ဂျာနူးနှင့် ယူမည်ဟု စိတ်ကူးထားစဉ်က အာရှဓနနှင့် မေဖလားဝါးတို့တွင် သူ့ပိုင်ငွေများ ကို ထည့်ထားခဲ့သည်။ ယခုကိစ္စများ ဖြစ်လာစေမည့် လုပ်ငန်းတွင် သူကိုယ်တိုင် ပါဝင်ခဲ့သော်လည်း….ဘာဖြစ်လာမည်ကို သူမသိခဲ့။ မစ္စတာလုတို့ကလည်း ပေးမသိ။ သို့သော် သူပိုက်ဆံတွေ မဆုံးရှုံးနိုင်ဆိုတာကိုတော့ ဗေဒါ သိပါသည်။ လောလောဆယ်တွင်ပင် ထောက်လှမ်းရေးတပ်ကြပ်ကြီးက အကုန်ပြန်ထုတ်ပေးမည်ဟု ကမ်းလှမ်းနေသည် မဟုတ်ပါလား။ ထိုကာလများအတွင်း မစ္စတာလု တို့ သားအဖတတွေကတော့…အောင်ပွဲတစ်ခုနှယ်..ပျော်ရွှင်နေကြ၏။ ပြင်ပရှိ လူများကတော့ ဘဏ်များရှေ့တွင် နေပူစပ်ခါး အလုအယက်တိုးဝှေ့ကာ သူတို့၏ ကိုယ်ပိုင်ငွေများအတွက် ရင်ပူနေကြဆဲ။ ဗေဒါ […]


