အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း
Dawei Watch
October 12, 2023အပိုင်း – ၄ မြန်မာသက္ကရာဇ်သက္ကရာဇ် ၁၃၈၃ ခု ၊ သီတင်းကျွတ်လပြည့်နေ့ ညနေခင်း။ ထားဝယ်မြို့ ၊ နိဗ္ဗာန်လမ်း ။ လူငယ်သုံးယောက် စီးလာသည့် ဆိုင်ကယ်မှာ ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံအနီး ၊ PRO ဟမ်ဘာဂါဆိုင်ရှေ့တွင် ရပ်သွားသည်။ သူ မြင်ဖူးခဲ့သည့် ထားဝယ်မြို့ ညနေခင်းမှာ ခါတိုင်းနှင့်မတူ။ ပိုထူးခြားလှပနေသည်ဟု ထင်မိသည်။ သည်နေ့က သီတင်းကျွတ်လပြည့်နေ့ကိုး။ ဝတ်ကောင်းစားလှ ဝတ်ဆင်ကာ လောကမာရဇိန်ဘုရားကြီးဝင်းသို့ ကုသိုလ်ယူဘုရားဖူးသွားနေကြသည့် ထားဝယ်မြို့သူ မြို့သားများ။ နိဗ္ဗာန်လမ်းပေါ် ဖြာကျနေသည့် ဆည်းဆာနေခြည်။ ပြုံးရယ်နေသည့် မျက်ဝန်း။ ဖျတ်ခနဲ မြင်လိုက်ရသည့် ထားဝယ်အပျိုမလေးတချို့၏ ဆံနွယ်နက်နက်….။ သူ့ စိုးရိမ်စိတ်တို့ ခဏတာ လွင့်စင်သွားသည်။ စိတ်သည် လောကကို ဖန်ဆင်း၏။ တနေရာတည်းမှာ ရပ်တန့်နေခဲ့သူချင်း […]


