အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
March 29, 2023Princes in The Darkness 1990s အခန်း(၂၈) တကယ်တမ်းကျ ဂျာနူးနှင့်ပတ်သက်သည့် သဲလွန်စများရှာရသည်မှာ မလွယ်ကူခဲ့ပါ။ ထိုအခါကျမှ ဂျာနူး၏ အနေအထိုင်သိပ်သည်းပုံကို ဗေဒါ ပြန်တွေးမိသွား၏။ သူနှင့် ချစ်ကြိုက်ခဲ့စဉ်တစ်လျှောက် ဗေဒါသည် ဂျာနူး မည်သည့်နေရာသွားသည်၊ မည်သည့်ကိစ္စ လုပ်သည်ကို လုံးဝမသိရ။ ဂျာနူး၏ ပြင်ပမှ အပေါင်းအသင်း၊ မိတ်ဆွေဟူ၍လည်း မတွေ့ဘူး။ မကြားဘူးခဲ့။ လုပ်ငန်းခွင်ထဲတွင်လည်း မသင်္ကာစရာ သဲလွန်စ စာရွက်စာတမ်းလုံးဝရှာမတွေ့။ ဂျာနူး နှင့်ပတ်သက်၍ ရှာစရာတစ်နေရာသာရှိတော့သည်။ အခြားမဟုတ်။ ဂျာနူးနေခဲ့သည့် ကိုးမိုင်ခြံ။ ထိုခြံတွင် ခြံစောင့်အဖြစ်ရှိနေသော သားအမိ သည် ဂျာနူး နှင့် ရင်နှီးသောသူများလည်းဖြစ်သည်။ နောက်တစ်နေ့ နံနက် ခြောက်နာရီခန့်တွင် ဗေဒါ က ကိုးမိုင်ခြံသို့ ထွက်ခဲ့၏။ အိပ်မှုန်စုံမွှားဖြစ်နေသည့် အချိန်တွင် […]


