သတိ . . ! လေယာဉ်လက်မှတ် လိမ်ရောင်းသူတွေရှိနေတယ်
Dawei Watch
November 29, 2023လုံခြုံရေးအခက်အခဲကြောင့် ခရီသည်တင်ကားနဲ့ ခရီးသွားလာသူနည်းပါးလာပြီး လေကြောင်းနဲ့ ခရီးသွားလာသူ များလာ ပါတယ်။ တနင်္သာရီတိုင်းတွင်း၊ တိုင်းပြင်ပ ခရီးသွားဖို့ လေယာဉ်လက်မှတ် ကြိုတင်အော်ဒါတင်သူတွေနဲ့ ပြည့်နှက်နေကြပြီး လက်မှတ်ရရှိဖို့ လချီကြာစောင့်ဆိုင်းနေကြရပါတယ်။ အဲဒီလို လေယာဉ်လက်မှတ်ရရှိဖို့ ခက်ခဲလာချိန်မှာ လက်မှတ်လိမ်လည်ရောင်းချသူတွေလည်း အချိန်ကိုက် ပေါ်လာနေကြပါတယ်။ အွန်လိုင်းမှ လိမ်လည်ရောင်းချ Facebook လူမှုကွန်ရက်မှာ လေယာဉ်လက်မှတ်အရောင်း Page တွေ ဖွင့်လှစ်ပြီး လိမ်လည်တဲ့ နည်းလမ်းတွေကို အသုံးပြုကြတာကို တွေ့ရပါတယ်။ လက်မှတ်လိမ်ရောင်းဖို့ ရည်ရွယ်ဖွင့်လှစ်ထားသည့် Page တွေဟာလည်း အမှန်တကယ် လေယာဉ်လက်မှတ် အရောင်းဆိုင်တွေရဲ့ Page တွေ လိုပဲ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ဆိုင်လိပ်စာတွေကို ထည့်သွင်းဖော်ပြပြီး ယုံကြည်လာစေအောင် ဖန်တီးထားကြပါတယ်။ လိမ်လည်တဲ့ တချို့ Page တွေမှာ Like and Followers လုပ်ထားသူ သောင်းချီအထိ ရှိနေတာလည်း တွေ့ရပါတယ်။ ဆက်သွယ်ရမယ့် ဖုန်း၊ ဆိုင်လိပ်စာတွေကို ထည့်သွင်းဖော်ပြထားပြီး Followers များတယ်ဆိုတိုင်း အလွယ်တကူ ယုံကြည်လို့ မရနိုင်ဘူးဆိုတာ သတိပြုစေလိုပါတယ်။ နမူနာအနေနဲ့ Like and Followers တစ်သောင်းနှစ်ထောင်ကျော်ရှိတဲ့ “Air Ticket ပြည်တွင်းလက်မှတ်အရောင်းဌာန” ဆိုတဲ့ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချနေတဲ့ Page ကို တိုက်ဆိုင်စစ်ဆေး သတိချပ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ Page ကို ဒီနေရာမှာကြည့်နိုင်ပါတယ်။ […]


