သားဆက်ခြားနည်း အယူအဆအမှား
Dawei Watch
December 10, 2023အခုခေတ်မှာ ကိုယ်ဝန်မရအောင်တားဆီးတဲ့နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲမှာ စိတ်ချရတဲ့နည်းလမ်းတွေရှိသလို စိတ်မချရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ သန္ဓေတားနည်းအားလုံးဟာ ရာနှုန်းပြည့်စိတ်ချရတာမျိုး မရှိပါဘူး။ အဲဒီအထဲမှာမှ မိန်းမကိုယ်ပြင်ပ သုတ်လွှတ်တာ၊ ရက်ရှောင်တာ၊ အရေးပေါ်သန္ဓေတားဆေး အမြဲသုံးစွဲတာက ရာနှုန်းပြည့်စိတ်ချရတယ်လို့ လူအချို့က အယူအဆ မှားနေတာတွေ ရှိပါတယ်။ သန္ဓေတားနည်းတွေ များစွာရှိပေမယ့် တစ်ဦးနဲ့တစ်ဦးမတူတာကြောင့် ကိုယ်နဲ့သင့်တော်တာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ကိုယ်နဲ့ မသင့်တော်တဲ့ သန္ဓေတားနည်းကိုရွေးချယ်မိရင် မလိုလားအပ်ဘဲ ကိုယ်ဝန်ရသွားနိုင်ပြီး နောက်ဆက်တွဲဝန်ထုတ်ဝန်ပိုးတွေခံစားကြရမှာဖြစ်ပါတယ်။ ဘာကြောင့်ကိုယ်ဝန်တားဖို့လိုအပ်တာလဲ ဘာကြောင့် ကိုယ်ဝန်တားဖို့လိုအပ်သလဲမေးရင် တစ်ယောက်နဲ့တစ်ယောက် အဖြေတူမှာမဟုတ်ပါဘူး။ တချို့က သမီးရည်းစားဘဝမှာ အတူနေမိလို့၊ အရွယ်ငယ်ငယ်နဲ့ အိမ်ထောင်ကျသွားလို့၊ စီးပွားရေးအဆင်မပြေလို့ စတဲ့ သူအကြောင်းနဲ့သူ ရှိကြပါတယ်။ သမီးရည်းစားတွေဆိုရင်လည်း မတော်တဆအတူနေမိသွားလို့ ကိုယ်ဝန်ရသွားရင် ပတ်ဝန်းကျင်က ပြောစရာဖြစ်လာနိုင်ပါတယ်။ အခုခေတ်မှာ ဆယ်ကျော်သက်အရွယ်လေးနဲ့အိမ်ထောင်ကျတာတွေ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ နယ်ဘက်မှာ […]