သတိ… စပ်ဆေးမသုံးရ
Dawei Watch
October 15, 2023စပ်ဆေးကို အသံတိတ်လူသတ်သမားလို့ ခေါ်ဝေါ်ကြပါတယ်။ အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ကျန်းမာရေး စောင့်ရှောက်တဲ့စနစ် ယိုယွင်းလာချိန်မှာတော့ စပ်ဆေးတွေဟာ ခေါင်းပြန်ထောင်လာနေပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဆေးရုံ၊ ဆေးခန်းမရှိ၊ ဆရာဝန်၊ သူနာပြု မရှိဖြစ်နေတဲ့အချိန် စပ်ဆေးတွေက နေရာပြန်ယူလာပါတယ်။ တင်းကျပ်လွန်းတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ၊ လက်နက်ကိုင်တိုက်ပွဲတွေက ဒေသခံတွေကို ဆေးရုံ၊ ဆေးခန်းသွားဖို့ များစွာ အခက်တွေ့စေပါတယ်။ ဒီလိုအချိန်မှာ လွယ်လွယ်ဝယ်လို့ရတာဆိုလို့ စပ်ဆေးတွေပဲ ရှိပါတယ်။ စပ်ဆေးတွေဟာ ကုန်စုံဆိုင်၊ ကွမ်းယာဆိုင်တွေမှာတောင် ဈေးချိုချိုနဲ့ လွယ်လွယ် ပေါပေါဝယ်လို့ရနေပါတယ်။ မြို့ပေါ်တွေမှာ ဆိုရင်လည်း ငွေကြေးကျပ်တည်းလို့ ဆေးရုံ၊ ဆေးခန်း မသွားနိုင်တဲ့ အခြေခံလူတန်းစားတွေဟာ စပ်ဆေးတွေကို အားကိုးနေကြတာ တွေ့ရပါတယ်။ တကယ်တော့ စပ်ဆေးဆိုတာ အသံတိတ်လူသတ်သမားဖြစ်လို့ မသုံးစွဲကြဖို့ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။ […]


